عَنْ أَبِي هُرَيْرَةَ قَالَ: قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«السَّاعِي عَلَى الأَرْمَلَةِ وَالمِسْكِينِ، كَالْمُجَاهِدِ فِي سَبِيلِ اللَّهِ، أَوِ القَائِمِ اللَّيْلَ الصَّائِمِ النَّهَارَ».
[صحيح] - [متفق عليه] - [صحيح البخاري: 5661]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မုဆိုးမနှင့် ဆင်းရဲသားတို့အတွက် ကြိုးပမ်းဆောင်ရွက်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူ သို့မဟုတ် ညတွင် ဆွလာသ်ဆောက်တည်ပြီး နေ့တွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းသူကဲ့သို့ ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5661]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ခင်ပွန်းသည် ကွယ်လွန်သွားပြီး သူမ၏အရေးကိစ္စများကို ဆောင်ရွက်ပေးမည့်သူမရှိသည့် အမျိုးသမီးနှင့် လိုအပ်ချက်ရှိနေသောဆင်းရဲသားတို့၏ ကောင်းကျိုးကို ဆောင်ရွက်ပေးသူ၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကျိုးကုသိုလ်မျှော်ကိုးပြီး ၎င်းတို့အပေါ် ပေးကမ်းသုံးစွဲသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူ၊ ပင်ပမ်းမှုမရှိဘဲ ညသဟဂျ်ဂျွဒ်ဆွလာသ် ဆောက်တည်သူ၊ ဝါမဖြေဘဲ ဆက်တိုက် ဆွိယာမ်ဥပုသ်စောင့်သူတို့ကဲ့သို့ အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။