عَنْ أَبِي هُرَيْرَةَ قَالَ: قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«السَّاعِي عَلَى الأَرْمَلَةِ وَالمِسْكِينِ، كَالْمُجَاهِدِ فِي سَبِيلِ اللَّهِ، أَوِ القَائِمِ اللَّيْلَ الصَّائِمِ النَّهَارَ».

[صحيح] - [متفق عليه] - [صحيح البخاري: 5661]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မုဆိုးမနှင့် ဆင်းရဲသားတို့အတွက် ကြိုးပမ်းဆောင်ရွက်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူ သို့မဟုတ် ညတွင် ဆွလာသ်ဆောက်တည်ပြီး နေ့တွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းသူကဲ့သို့ ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5661]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ခင်ပွန်းသည် ကွယ်လွန်သွားပြီး သူမ၏အရေးကိစ္စများကို ဆောင်ရွက်ပေးမည့်သူမရှိသည့် အမျိုးသမီးနှင့် လိုအပ်ချက်ရှိနေသောဆင်းရဲသားတို့၏ ကောင်းကျိုးကို ဆောင်ရွက်ပေးသူ၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကျိုးကုသိုလ်မျှော်ကိုးပြီး ၎င်းတို့အပေါ် ပေးကမ်းသုံးစွဲသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူ၊ ပင်ပမ်းမှုမရှိဘဲ ညသဟဂျ်ဂျွဒ်ဆွလာသ် ဆောက်တည်သူ၊ ဝါမဖြေဘဲ ဆက်တိုက် ဆွိယာမ်ဥပုသ်စောင့်သူတို့ကဲ့သို့ အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အားနည်းသူတို့အား ကူညီရန်၊ တာဝန်ယူရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တိုက်တွန်းထားသည်။
  2. ကောင်းမြတ်သော လုပ်ရပ်တိုင်းသည် အိဗာဒသ်တွင် ပါဝင်သည်။ မုဆိုးမနှင့် ဆင်းရဲသားတို့၏ ကောင်းကျိုးကို ကြိုးပမ်းဆောင်ရွက်ခြင်းသည်လည်း အိဗာဒသ်ဖြစ်သည်။
  3. အစ်ဗ်နု ဟုဗိုင်းရဟ်က ရှင်းပြသည်မှာ အလ္လာဟ်အရှင်မြတ်သည် ဆွိယာမ် စောင့်ထိန်းသူ၊ ညတွင် ဆွလာသ်ဆောက်တည်သူ၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူတို့၏ အကျိုးကုသိုလ်များကိုစုပေါင်း၍ ထိုသူအတွက် ချီးမြှင့်ခြင်းမှာ ၎င်းသည် မုဆိုးမအတွက် ခင်ပွန်းသည်နေရာတွင် ရပ်တည်ပေးသူ....၊ မိမိကိုယ်တိုင် မတတ်စွမ်းနိုင်သည့် သူဆင်းရဲအတွက် ရပ်တည်ပေးသူဖြစ်သည်။ သူသည် ထိုသို့ဆောင်ရွက်ရန် မိမိ၏အင်အားကို အပိုစိုက်ထုတ်သုံးစွဲခဲ့သလို သည်းခံမှုနှင့်တကွ သုံးစွဲလှူဒါန်းခဲ့သည့်အတွက် ၎င်း၏အကျိုးကုသိုလ်မှာ ဆွိယာမ် စောင့်ထိန်းသူ၊ ညတွင် ဆွလာသ်ဆောက်တည်သူ၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူတို့၏ အကျိုးကုသိုလ်နှင့် ညီမျှသွားခြင်းဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
ထပ်၍