+ -

عن أبِي هريرة رضي اللَّه عنه: سمعتُ النبِيّ صلى الله عليه وسلم يقول:
«الفِطْرَةُ خمسٌ: الخِتَانُ والاستحدادُ وقصُّ الشَّارِبِ وتقليمُ الأظفارِ وَنَتْفُ الآبَاطِ».

[صحيح] - [متفق عليه] - [صحيح البخاري: 5891]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
အရာငါးခုသည် လူသား၏ သဘာဝအနက်မှဖြစ်သည်။ (၁)ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း၊ (၂)ချက်အောက်မွေးရိတ်ခြင်း၊ (၃)နှုတ်ခမ်းမွေးညှပ်ခြင်း၊ (၄)လက်သည်း၊ခြေသည်းညှပ်ခြင်း၊ (၅)ချိုင်းမွေးနုတ်ခြင်း။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5891]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အကျင့်ငါးခုသည် အစ္စလာမ်သာသနာနှင့် ရစူလ်တမန်တော်များ၏ စွန္နသ်လမ်းစဉ်အနက်မှဖြစ်သည်။ ၎င်းတို့မှာ
(၁) ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း။ အမျိုးသားတွင် လိင်တံထိပ်ပိုင်းကို ဖုံးအုပ်နေသော အရေပြားအပိုကိုဖြတ်ခြင်း၊ အမျိုးတွင် အမျိုးသမီးအင်္ဂါဇာတ် အပေါ်ဖက်ရှိ အရေပြား ထိပ်ပိုင်းကိုဖြတ်ခြင်း။
(၂) ချက်အောက်မွေးရိတ်ခြင်း။ အရှက်အင်္ဂါပတ်လည်ရှိ အမွေးအမျှင်များကို ရိတ်ခြင်း။
(၃) နှုတ်ခမ်းမွေးညှပ်ခြင်း။ အမျိုးသား၏ အပေါ်နှုတ်ခမ်းအထက်တွင် ပေါက်သော အမွေးအမျှင်များကိုညှပ်ကာ နှုတ်ခမ်းကိုပေါ်လွင်အောင်ထားခြင်း။
(၄) လက်သည်း၊ ခြေသည်းညှပ်ခြင်း။
(၅) ချိုင်းမွေးနုတ်ခြင်းတို့ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ် နှစ်သက်ကျေနပ်ပြီး လိုက်နာရန်အမိန့်ပေးထားသော ရစူလ်တမန်တော်များ၏ စွန္နသ်တော်များတွင် ပြီးပြည့်စုံမှု၊ သန့်ရှင်းမှုနှင့် လှပတင့်တယ်ခြင်းတို့ရှိသည်။
  2. ဤအချက်များကို အလေးထားဆောင်ရွက်ရန်နှင့် မေ့လျော့ခြင်း မရှိစေရန် ပြဌာန်းထားသည်။
  3. ဤအကျင့်များတွင် လောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံး၏ ကောင်းကျိုးများရှိသည်။ ၎င်းတို့အနက်အချို့မှာ ရုပ်ဆင်းလှပခြင်း၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်ခြင်း၊ သန့်ရှင်းစင်ကြယ်မှုကို အလေးထားခြင်း၊ ကာဖိရ်တို့နှင့်ဆန့်ကျင်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို နာခံခြင်းတို့ဖြစ်သည်။
  4. ဤငါးခုအပြင် အခြားသော လူသား၏ သဘာဝများရှိကြောင်း အခြားဟဒီးဆ်တော်များတွင် ဖော်ပြထားသည်။ ဥပမာ - မုတ်ဆိတ်မွေးကို လွှတ်ထားခြင်း၊ တံပူတိုက်ခြင်း စသည်တို့ဖြစ်သည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ অরমো কন্নড় الولوف আজারী الأوكرانية الجورجية
ဘာသာပြန်များကို ကြည့်ရှုရန်