عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: إِنَّ رَسُولَ اللهِ صلى الله عليه وسلم قَالَ:
«إِذَا شَرِبَ الْكَلْبُ فِي إِنَاءِ أَحَدِكُمْ فَلْيَغْسِلْهُ سَبْعًا».
ولمسلم: « أولاهُنَّ بالتُراب».
[صحيح] - [متفق عليه] - [صحيح البخاري: 172]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
သင်တို့အနက် တစ်ဦးတစ်ယောက်၏ အိုးခွက်ထဲရှိရေကို ခွေးသောက်ခဲ့လျှင် ထိုခွက်ကို ခုနစ်ကြိမ် ဆေးကြောရမည်။ မုစ်လင်မ်ကျမ်း၌
« أُولَاهُنَّ بِالتُّرَابِ »
"ယင်းခုနစ်ကြိမ်၏ ပထမအကြိမ်ကို မြေကြီးဖြင့် (ပွတ်တိုက်၍ ဆေးကြောရမည်) ဟုလာရှိသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 172]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) )က မိန့်တော်မူသည်မှာ- ခွေးသည် ၎င်း၏လျှာဖြင့် ခွက်အတွင်း၌ လျက်ခဲ့ပါက ထိုခွက်ကို ခုနစ်ကြိမ် ဆေးကြောရန် အမိန့်ပေးတော်မူခဲ့သည်။ ယင်း ခုနစ်ကြိမ်အနက် ပထမအကြိမ်ကို မြေကြီးဖြင့် ဆေးကြောပြီးမှ ရေဖြင့် ဆက်လက်ဆေးကြောရမည်။ ဤနည်းအားဖြင့် ၎င်း၏ ညစ်ညမ်းမှုနှင့် ဘေးအန္တရာယ်မှ စင်ကြယ်မှုအပြည့်အဝရရှိနိုင်မည်ဖြစ်သည်။