عَنْ أَبِي أَيُّوبَ الأَنْصَارِيِّ رضي الله عنه أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا أَتَيْتُمُ الغَائِطَ فَلاَ تَسْتَقْبِلُوا القِبْلَةَ، وَلاَ تَسْتَدْبِرُوهَا وَلَكِنْ شَرِّقُوا أَوْ غَرِّبُوا» قَالَ أَبُو أَيُّوبَ: فَقَدِمْنَا الشَّأْمَ فَوَجَدْنَا مَرَاحِيضَ بُنِيَتْ قِبَلَ القِبْلَةِ فَنَنْحَرِفُ، وَنَسْتَغْفِرُ اللَّهَ تَعَالَى.
[صحيح] - [متفق عليه] - [صحيح البخاري: 394]
المزيــد ...
အဗူအိုင်ယူဗ် အန်စွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ အခင်းကြီးသွားသည့်အခါ ကိဗ်လဟ် (ကအ်ဗဟ်ကျောင်းတော်ရှိရာ)ဘက်သို့ မျက်နှာမမူကြနှင့် ကျောလည်းမပေးကြနှင့် သို့သော် အရှေ့အရပ် သို့မဟုတ် အနောက်အရပ်ဘက်သို့သာ လှည့်ကြပါ။ အဗူအိုင်ယူဗ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။ ကျွန်တော်တို့သည် ရှာမ်သို့ ရောက်ရှိခဲ့ကြရာ အိမ်သာများကို ကအ်ဗဟ်ကျောင်းတော်ရှိရာဘက်သို့လှည့်၍ ဆောက်လုပ်ထားသည်ကို တွေ့ခဲ့ကြသည်။ ထို့ကြောင့် ကျွန်တော်တို့သည် (ကအ်ဗဟ်ရှိရာဘက်မှ) အနည်းငယ် တိမ်းစောင်း၍ အိမ်သာတက်ခဲ့ကြသည်။ ၎င်းနောက် ကျွန်တော်တို့သည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခဲ့ကြသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 394]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပေါ့၊ အလေးစွန့်လိုသူအား ကအ်ဗဟ်ကျောင်းတော်ရှိရာ ကိဗ်လာဘက်သို့ မျက်နှာမူခြင်း ကျောခိုင်းခြင်း မပြုရန် တားမြစ်တော်မူခဲ့သည်။ အကယ်၍ အကြင်သူ၏ကိဗ်လာသည် မဒီနာမြို့သားများ၏ ကိဗ်လာနှင့်အတူတူပင်ဖြစ်ပါက အရှေ့အရပ် သို့မဟုတ် အနောက်အရပ်သို့ လှည့်၍စွန့်ရမည်ဖြစ်သည်။ ထို့နောက် အဗူအိုင်ယူဗ် အန်ဆွာရီ(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်မှာ ၎င်းတို့သည် ရှာမ်ဒေသသို့ ရောက်သည့်အခါ အပေါ့၊အလေးစွန့်ရန်အတွက် အိမ်သာများကို ကအ်ဗဟ်ကျောင်းတော်ဘက်သို့ လှည့်၍ ဆောက်လုပ်ထားသည်ကို တွေ့ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်ကို ကိဗ်လာဘက်မှ တိမ်းစာင်းကာ အိမ်သာတက်ခဲ့ကြပြီး ထို့သို့ သွားခဲ့သည့်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံခဲ့ကြသည်။