+ -

عَنْ أَنَسٍ رضي الله عنه قَألَ:
كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا دَخَلَ الخَلاَءَ قَالَ: «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ».

[صحيح] - [متفق عليه] - [صحيح البخاري: 142]
المزيــد ...

အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်သာသို့ ဝင်သောအခါ ဤသို့ ရွတ်ဆိုတော်မူသည်။ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» အဓိပ္ပါယ်။ ။အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ရှိုင်သွာန်အထီး၊ ရှိုင်သွာန်အမတို့မှ အရှင်မြတ်ထံခိုလှုံပါ၏။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 142]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပေါ့၊ အလေးစွန့်သည့်နေရာသို့ ဝင်ရောက်ရန် ရည်ရွယ်သောအခါ ရှိုင်သွာန်အထီးအမတို့၏ ဘေးအန္တရာယ်မှ မိမိအားကာကွယ်ပေးရန်အတွက် အရှင်မြတ်ထံတော်ပါးတွင် အကာအကွယ်နှင့် ခိုလှုံမှုကို တောင်းခံတော်မူသည်။ (ခုဗုစ်)နှင့် (ခဘာအိစ်)ကို အန္တရာယ်၊ အညစ်အကြေးများဟုလည်း ဖွင့်ဆိုကြသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိမ်သာသို့ဝင်ရန် ရည်ရွယ်‌သောအခါ ဤတောင်းဆုကို ရွတ်ဆိုခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
  2. အဖန်ဆင်းခံအားလုံးသည် မိမိတို့အား ဒုက္ခပေးမည့် အရာများနှင့် အခြေအနေတိုင်းတွင် ဆိုးကျိုးဖြစ်ပေါ်စေမည့် အရာအားလုံးမှ ဖယ်ရှားပေးရန် မိမိတို့၏အရှင်သခင်ဖြစ်သော အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် တောင်းခံရမည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি অরমো কন্নড় الولوف আজারী الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်