عَنِ ابْنِ مَسْعُودٍ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«سَتَكُونُ أَثَرَةٌ وَأُمُورٌ تُنْكِرُونَهَا» قَالُوا: يَا رَسُولَ اللَّهِ فَمَا تَأْمُرُنَا؟ قَالَ: «تُؤَدُّونَ الحَقَّ الَّذِي عَلَيْكُمْ، وَتَسْأَلُونَ اللَّهَ الَّذِي لَكُمْ».
[صحيح] - [متفق عليه] - [صحيح البخاري: 3603]
المزيــد ...
အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မကြာမီ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အသင်တို့မနှစ်မြို့သည့်အရာများ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ သာဝကတော်များက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော် ကျွန်တော်မျိုးတို့အား မည်သို့ အမိန့်ပေးပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့ကျေပွန်ရမည့်ဝတ္တရားများကို ကျေပွန်ကြကုန်။ အသင်တို့ ရရှိမည့်အရာများကို အလ္လာဟ်အရှင်မြတ်ထံတော်၌ တောင်းခံကြကုန်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 3603]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တို့၏ဥစ္စာပစ္စည်းများနှင့် အခြားလောကီရေးကိစ္စများတွင် မိမိတို့ကောင်းစားရေးကို ရှေ့တန်းတင်ကြသည့် အာဏာပိုင်းများ မကြာမီ မွတ်စ်လင်မ်တို့အား အုပ်ချုပ်လာကြမည်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့စိတ်ကြိုက်သုံးစွဲကြပြီး ထိုဥစ္စာပစ္စည်းများနှင့် ပတ်သက်၍ အများမွတ်စ်လင်မ်တို့၏ ရပိုင်ခွင့်ကို ပိတ်ပင်တားဆီးကြမည်ဖြစ်သည်။ ထို့အတူ သာသနာ့ရေးအရ မနှစ်မြို့ဖွယ်ရာများ ၎င်းတို့တွင် ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်) များက ထိုအခြေအနေမျိုး၌ မည်သို့ပြုလုပ်ရမည်ကို မေးမြန်းခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ ဥစ္စာပစ္စည်းများနှင့်ပတ်သက်၍ ၎င်းတို့၏တစ်ကိုယ်ကောင်းဆန်မှုသည် ယင်းအာဏာပိုင်များ၏ အမိန့်ကိုနာခံရန် တာဝန်ရှိသည့် အချက်ကို အဟန့်အတားမဖြစ်ပါစေနှင့်။ ထို့ပြင် အသင်တို့သည်းခံကြပါ၊ နာခံကြပါ၊ အမိန့်အာဏာနှင့်ပတ်သက်၍ ၎င်းတို့အား အငြင်းမပွားကြနှင့်၊ အသင်တို့၏အခွင့်အရေးများကို အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ တောင်းခံကြပါ။ ၎င်းအပြင် ထိုအာဏာပိုင်များအား ပြုပြင်ပေးရန်နှင့် ၎င်းတို့၏ဆိုးကျိုးများ၊ မတရားမှုများမှ ဖယ်ရှားရန် အရှင်မြတ်ထံတောင်းခံကြပါ။