عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنْ رَسُولِ اللهِ صلى الله عليه وسلم أنه قال:
«وَالَّذِي نَفْسُ مُحَمَّدٍ بِيَدِهِ لَا يَسْمَعُ بِي أَحَدٌ مِنْ هَذِهِ الْأُمَّةِ يَهُودِيٌّ وَلَا نَصْرَانِيٌّ، ثُمَّ يَمُوتُ وَلَمْ يُؤْمِنْ بِالَّذِي أُرْسِلْتُ بِهِ إِلَّا كَانَ مِنْ أَصْحَابِ النَّارِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 153]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ငါကိုယ်တော်ကို ကြားသိပြီးနောက် ငါကိုယ်တော်နှင့်အတူ ချပေးခြင်းခံရသောအရာကို မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသားများ အနက်မှပင်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 153]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျိန်ဆို၍ မိန့်ကြားတော်မူသည်မှာ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ၊ အခြားမည်သည့်ဘာသာဝင်ဖြစ်စေ ၎င်းထံသို့တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)(ဒအ်ဝဟ်)ဖိတ်ခေါ်မှု ရောက်ရှိပြီးနောက် တမန်တော်မြတ်အား မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲဘုံတွင် အမြဲနေရမည့် ငရဲသားတို့အနက်မှပင် ဖြစ်လိမ့်မည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ‘ရိစာလသ်’ ရစူလ်ဖြစ်ခြင်းသည် ကမ္ဘာလောက တစ်ခုလုံးနှင့် သက်ဆိုင်သည်။ ထို့ကြောင့် ကိုယ်တော့်အားနောက်လိုက်မှုပြုရန် တာဝန်ရှိသည်။ ကိုယ်တော်၏ ရှရီအဟ် တရားလမ်းစဥ်ဖြင့် လွန်လေပြီးသော ရှရီအဟ် တရားလမ်းစဥ်အားလုံး ပယ်ဖျက်ခြင်းခံလိုက်ရပြီဖြစ်သည်။
  2. မည်သူမဆို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အားမယုံကြည်ပါက အခြားနဗီတမန်တော် (အလိုင်းဟိမွတ်စလာမ်)များကို ယုံကြည်ခြင်းသည် ၎င်းအားအကျိုးမပေးနိုင်ပါ။
  3. အကြင်သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကို မကြား သိခဲ့သည့်အပြင်၊ ၎င်းထံသို့ အစ္စလာမ်၏(ဒအ်ဝဟ်) ဖိတ်ခေါ်မှုလည်း မရောက်ခဲ့ပါက ထိုသို့သောသူမျိုးသည် ခြွင်းချက်ဖြစ်သည်။ ၎င်း၏ကိစ္စကို နောင်တမလွန်အာခိရသ်၌ အလ္လာဟ်အရှင်မြတ်ကသာ စီရင်ဆုံးဖြတ်တော်မူမည်။
  4. ရောဂါပြင်းထန်ပြီး ကွယ်လွန်ရန်အလွန်နီးကပ်နေလျှင်လည်း ဝိညာဥ်သည် လည်ချောင်းသို့ မရောက်သေးပါက အစ္စလာမ်ကိုလက်ခံခြင်းဖြင့် အကျိုးရှိကြောင်းအတည်ပြုထားသည်။
  5. ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာအပါအဝင် အခြားဘာသာတရားများကို မှန်ကန်သည်ဟု ယုံကြည်လျှင် ကုဖ်ရ် ထိုက်သည်။
  6. ဤသြဝါဒတွင် ယဟူဒီနှင့် နဆွ်ရာနီတို့ကိုဖော်ပြပြီး အခြားသူများကိုပါ သတိပေးထားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယဟူဒီနှင့် နဆွ်ရာနီတို့တွင် ကောင်းကင်ကျကျမ်းရှိကြသည်။ ထိုသို့ကျမ်းရသူတို့၏ အခြေအနေသည် ဤသို့ဖြစ်မည်ဆိုလျှင် ကောင်းကင်ကျကျမ်း မရရှိသောအခြားသူတို့၏ အခြေအနေသည် ပို၍ပင်ဆိုးရွားသည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာသနာနှင့် အမိန့်နာခံမှုအတွင်းသို့ ဝင်ရောက်ရန် တာဝန်ရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
ထပ်၍