عن ابن عباس رضي الله عنهما، قال: «أنزل على رسول الله صلى الله عليه وسلم وهو ابن أربعين، فمكث بمكة ثلاث عشرة سنة، ثم أمر بالهجرة فهاجر إلى المدينة، فمكث بها عشر سنين، ثم توفي صلى الله عليه وسلم».
[صحيح] - [متفق عليه]
المزيــد ...

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သက်တော်လေးဆယ်တွင် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ဝဟီဗျာဒိတ်တော်ကျရောက်ခဲ့သည်။ ကိုယ်တော်သည် မက္ကာဟ်မြို့တွင် တစ်ဆယ့်သုံးနှစ် နေထိုင်တော်မူခဲ့သည်။ထို့နောက် ‘ဟိဂျ်ရသ်’ နေရပ်စွန့်ခွာပြောင်းရွေ့ရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ ထို့ကြောင့် ကိုယ်တော်သည် မဒီနဟ်မြို့သို့ဟိဂျ်ရသ်ပြု ရွှေ့ပြောင်းတော်မူကာ ထိုမြို့၌ဆယ်နှစ်တိုင်နေထိုင်တော်မူခဲ့ပြီး ကွယ်လွန်တော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်မှာ သက်တော်လေးဆယ်တွင် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ဝဟီဗျာဒိတ်တော်ကျရောက်ခဲ့သည်။ ပညာရှင်အများစု၏အဆိုအရ ထိုအသက်အရွယ်သည် ဉာဏ်ရည်ပြည့်စုံပြီး ရင့်ကျက်မှုပြည့်ဝသည့်အရွယ်ဖြစ်သည်။ ဝဟီဗျာဒိတ်တော်သည် ရမဿွန်လမြတ်တွင်ကျရောက်ခဲ့သည်။ ဝဟီကျပြီးနောက် ကိုယ်တော်သည် မက္ကာဟ်မြို့တွင် တစ်ဆယ့်သုံးနှစ် နေထိုင်ခဲ့သည်။ ယင်းသည် မက္ကဟ်တွင်နေထိုင်သည့်ကာလဖြစ်သည်။ အခြားဆင့်ပြန်ချက်တွင် ဤကာလကို ဆယ်နှစ်ဟုလာရှိထားသည်။ အနီးစပ်ဆုံးဖော်ပြလိုသည့်သဘောဖြင့် ပိုသည့်သုံးနှစ်ကိုဖြုတ်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့နောက် ‘ဟိဂျ်ရသ်’ နေရပ်စွန့်ခွာပြောင်းရွှေ့ရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ ထို့ကြောင့် ကိုယ်တော်သည် မဒီနဟ်မြို့သို့ဟိဂျ်ရသ်ပြု ရွှေ့ပြောင်းတော်မူခဲ့သည်။ထိုမြို့၌ဆယ်နှစ်တိုင်နေထိုင်တော်မူပြီး သက်တော် (၆၃) နှစ်တွင် ဝဖာသ်ဖြစ် ကွယ်လွန်တော်မူခဲ့သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးဆ်တော်တွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နဗီတမန်တော်အဖြစ် စတင်စေလွှတ်ခြင်းခံရသည့်အကြောင်း ဖော်ပြထားသည်။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နဗီတမန်တော်အဖြစ် စေလွှတ်ခြင်းခံရသည့်အချိန်နှင့် ဝဖာသ်ဖြစ် ကွယ်လွန်သည့်အချိန်တွင်သက်တော်မည်မျှရှိကြောင်းကို ဖော်ပြထားသည်။
ထပ်၍