ဟဒီးဆ်တော်များစာရင်း

ငါကိုယ်တော်သည် အသင်တို့အတွက် အစိုးရိမ်ဆုံးကိစ္စမှာ ရှိရ်က် အဆ်ွဂရ်(ရှိရ်က် အသေးစား)ပင်ဖြစ်သည်။ ဤသည် အဘယ်ရာပါနည်း ဟုမေးမြန်းလျှောက်ထားခြင်းခံရသည့်အခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလာမ် )က ပြစားမှုဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။
عربي အင်္ဂလိပ် ပြင်သစ်
အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန်သတ်မှတ်ပြဌာန်းထားသည်။ ထို့ကြောင့် သင်တို့သည် သတ်သည့်အခါ ကောင်းမွန်စွာဖြင့်သတ်ပါ။ သင်တို့(ဇဗဟ်)လှီးဖြတ်သည့်အခါ ကောင်းမွန်စွာဖြင့်လှီးဖြတ်ပါ။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မိမိ၏ဓါးသွားကို ထက်မြအောင်ပြုပါ၊ ၎င်း၏ သားကောင်အား နာကျင်မှုသက်သာအောင်ပြုလုပ်ပါ။
عربي အင်္ဂလိပ် ပြင်သစ်
ငါကိုယ်တော် အသင်တို့အား တားမြစ်ထားသောအရာများကို ရှောင်ကြဉ်ကြပါ၊ ထို့နောက် ငါကိုယ်တော် အသင်တို့အား အမိန့်ပေးထားသောအရာများကို အသင်တို့ စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသောသူများအား ပျက်ဆီးစေခဲ့သည့် အကြောင်းအရင်းမှာ မလိုအပ်ဘဲ အမေးမြန်းထူခြင်းနှင့် ၎င်းတို့၏ တမန်တော်များအား သွေဖည်ဆန့်ကျင်ကြခြင်းတို့ကြောင့်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
အို အလ္လာဟ်အရှင်မြတ် အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကိုတာဝန်ယူထားပြီး ၎င်းတို့အပေါ် ခက်ခဲအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း ခက်ခဲစေတော်မူပါ။
عربي အင်္ဂလိပ် ပြင်သစ်
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူသားတို့အနက်အကျင့်စာရိတ္တ အကောင်းဆုံးဖြစ်တော်မူသည်။
عربي အင်္ဂလိပ် ပြင်သစ်
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားသည် ကုရ်အာန်ကျမ်းမြတ်ပင် ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
သက်တော်လေးဆယ်တွင် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ဝဟီဗျာဒိတ်တော်ကျရောက်လာခဲ့သည်။