عن أنس بن مالك رضي الله عنه قال:
كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَحْسَنَ النَّاسِ خُلُقًا.
[صحيح] - [متفق عليه] - [صحيح مسلم: 2310]
المزيــد ...
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တအကောင်းဆုံးဖြစ်တော်မူသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2310]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တ အပြည့်ဝဆုံးဖြစ်တော်မူသည်။ ကိုယ်တော်သည် စကားချိုသာခြင်း၊ ကောင်းမှုပြုခြင်း၊ မျက်နှာချိုခြင်း၊ သူတစ်ပါး ဒုက္ခရောက်စေမည့် ကိစ္စရပ်များကို ဖယ်ရှားပေးခြင်း၊ အခြားသူများက ပေးသည့် ဒုက္ခများအပေါ်သည်းခံခြင်းစသည့် ကောင်းမြတ်သည့် အကျင့်စာရိတ္တနှင့် ကောင်းခြင်းများ၌ အားလုံး၏ရှေ့ဆုံးတွင်ရှိသူဖြစ်သည်။