عن عائشة رضي الله عنها قالت: كان خُلُقُ نَبي اللِه صلى الله عليه وسلم القرآن.
[صحيح] - [رواه مسلم في جملة حديثٍ طويلٍ]
المزيــد ...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားသည် ကုရ်အာန်ကျမ်းမြတ်ပင် ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။
ဟဒီးဆ်တော်၏ အဓိပ္ပါယ်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကုရ်အာန်ကျမ်းတော်မြတ်က ညွှန်ပြထားသော အကျင့်စာရိတ္တပေါ်တွင် ရှိသူဖြစ်သည်။ ထို့ပြင်အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ရာ၌ဖြစ်စေ သို့မဟုတ် အရှင်မြတ်၏ ကျေးကျွန်တို့နှင့် ဆက်ဆံရာ၌ဖြစ်စေ ကုရ်အာန်ကျမ်းမြတ်က အမိန့်ပေးထားသည့် ကိစ္စရပ်များကို ကျင့်သုံးတော်မူပြီး တားမြစ်ထားသည့် ကိစ္စရပ်များကိုရှောင်ကြဉ်တော်မူခဲ့သည်။ တမန်တော်မြတ်၏ ကိုယ်ကျင့်တရားသည် ကုရ်အာန်ကျမ်းမြတ်ကို သရုပ်ဖော်ပြခြင်းပင်ဖြစ်သည်။ ဤတင်ပြချက်တွင် မုအ်မင်န်တို့၏ မိခင်မွန် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က မီးမောင်းထိုးပြထားသည်မှာ မုချဧကန် ကျွန်တော်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားများအတိုင်း အကျင့်စာရိတ္တမွေးမြူလိုလျှင် ကုရ်အာန်ကျမ်းတော်မြတ်အတိုင်း လိုက်နာကျင့်သုံးရမည်ဖြစ်သည်။