ဟဒီးဆ်တော်များစာရင်း

ငါကိုယ်တော်သည် အသင်တို့အတွက် အစိုးရိမ်ဆုံးကိစ္စမှာ ရှိရ်က် အဆ်ွဂရ် (ရှိရ်က်အသေးစား) ပင်ဖြစ်သည်။ သာဝကကြီးများက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ရှိရ်က် အဆ်ွဂရ် ဆိုသည်မှာ အဘယ်နည်းဟု လျှောက်ထားမေးမြန်းကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ပြစားမှု*ဖြစ်သည်။ ကိယာမသ်နေ့၌ လူတို့သည် မိမိတို့၏ အမလ်ကျင့်ဆောင်မှုများနှင့်ပတ်သက်၍ အစားပေးခြင်းခံရသည့်အခါ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ရိယာအ်ပြစားသူတို့အား မိန့်ကြားတော်မူမည်မှာ လောက၌ အသင်တို့ပြစားခဲ့သူများထံသို့ သွားကြပါ။ ၎င်းတို့ထံတွင် ကောင်းကျိုးတစ်စုံတစ်ရာ တွေ့ရမည်လားဟု အသင်တို့ကြည့်ကြပါ။
عربي အင်္ဂလိပ် အုရ်ဒူ
«အို အလ္လာဟ်အရှင်မြတ် အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် ခက်ခဲအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း ခက်ခဲစေတော်မူပါ။ အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် လွယ်ကူအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း လွယ်ကူစေတော်မူပါ။»
عربي အင်္ဂလိပ် အုရ်ဒူ
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တအကောင်းဆုံးဖြစ်တော်မူသည်။
عربي အင်္ဂလိပ် အုရ်ဒူ
အို မုအ်မင်န်တို့၏ မိခင်ကြီး အလ္လာဟ်အရှင်မြတ် ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားအား ကျွန်တော့်အား ပြောပြပါဟု ပြောကြားခဲ့သည်။ ထိုအခါ မိခင်ကြီးက အသင်သည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သည် မဟုတ်လားဟု မေးမြန်းခဲ့ရာ ကျွန်တော်က ဟုတ်ကဲ့ ဖတ်ပါသည်ဟု ဖြေကြားလိုက်လေသည်။ ထိုအခါ မိခင်ကြီးက ပြောကြားသည်မှာ @ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားသည် ကုရ်အာန်ကျမ်းမြတ်ပင် ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ