عَنْ أَبِي سَعِيدٍ الخُدْرِيِّ رضي الله عنه قَالَ:
كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَشَدَّ حَيَاءً مِنَ العَذْرَاءِ فِي خِدْرِهَا، فَإِذَا رَأَى شَيْئًا يَكْرَهُهُ عَرَفْنَاهُ فِي وَجْهِهِ.
[صحيح] - [متفق عليه] - [صحيح البخاري: 6102]
المزيــد ...
အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လိုက်ကာချထားသော အိမ်တွင်း၌ ပုန်းအောင်းနေသော ပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မနှစ်သက်သော အရာတစ်စုံတစ်ခုကို တွေ့မြင်တော်မူသောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ရဲ့ မျက်နှာတော်၏အရိပ်အရောင်မှ ထိုမနှစ်သက်မှုကို သိရှိကြ လေသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6102]
အဘူစအီဒ်အလ်ခွဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လင်ယောက်ျားများနှင့် အိမ်ထောင်မပြု၊ မပေါင်းသင်းရသေးသော အိမ်၏အတွင်းပိုင်း၌သာ နေထိုင်သည့် အပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသူဖြစ်သည်။ တမန်တော်မြတ်သည် အလွန်အရှက်တရားကြီးမားမှုကြောင့် တစ်စုံတစ်ရာကို မနှစ်သက်လျှင် ကိုယ်တော့်၏မျက်နှာတော်မှာပြောင်းလဲသွားတတ်သည်။ သို့သော် ထိုအကြောင်းကို နှုတ်ဖြင့် ထုတ်ဖော်လေ့မရှိပေ။ သို့သော် ကိုယ်တော့်၏ တပည့်သာဝကများသည် ကိုယ်တော်မြတ်၏ မျက်နှာထားမှတစ်ဆင့် ထိုအရာကိုကိုယ်တော် မနှစ်သက်ကြောင်း သိရှိနားလည်ကြလေသည်။