عن أبي هريرة رضي الله عنه قال:
كان رسولُ الله صلى الله عليه وسلم إذا عَطَس وضَعَ يَدَه -أو ثوبَهُ- على فيهِ، وخَفَضَ -أو غضَّ- بها صوتَهُ.
[صحيح] - [رواه أبو داود والترمذي وأحمد] - [سنن أبي داود: 5029]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နှာချေသောအခါတွင် မိမိ၏လက်ကို ( သို့မဟုတ် မိမိ၏အဝတ်ကို) ပါးစပ်ပေါ် တင်ထားမူပြီး၊ ၎င်း( လက် (သို့) အဝတ် ) ဖြင့် မိမိ၏အသံကို နှိမ့်ချတော်မူလေသည် ( သို့မဟုတ် ဖုံးဖိတော်မူလေသည် )။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والترمذي وأحمد] - [سنن أبي داود - 5029]
တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) သည် နှာချေသည့်အခါတွင် ( အောက်ပါအတိုင်း ဆောင်ရွက်တော်မူသည်။ )
( ) မိမိအနားရှိလူကို အနှောင့်
အယှက်ဖြစ်စေနိုင်သော အရာများ (အညစ်အကြေးများ ) ပါးစပ် (သို့) နှာခေါင်းမှ မထွက်စေရန် မိမိ၏လက် (သို့) အဝတ်ကို ပါးစပ်ပေါ်တင်ထားတော်မူလေ့ရှိသည်။
( ၂ ) နှာချေသံကို ကျယ်အောင်မလုပ်ဘဲ နှိမ့်ချစွာပြုတော်မူသည်။