ဟဒီးဆ်တော်များစာရင်း

ငါကိုယ်တော်သည် အသင်တို့အတွက် အစိုးရိမ်ဆုံးကိစ္စမှာ ရှိရ်က် အဆ်ွဂရ် (ရှိရ်က်အသေးစား) ပင်ဖြစ်သည်။ သာဝကကြီးများက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ရှိရ်က် အဆ်ွဂရ် ဆိုသည်မှာ အဘယ်နည်းဟု လျှောက်ထားမေးမြန်းကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ပြစားမှု
عربي الإنجليزية الأوردية
အို အလ္လာဟ်အရှင်မြတ် အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် ခက်ခဲအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း ခက်ခဲစေတော်မူပါ။ အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် လွယ်ကူအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း လွယ်ကူစေတော်မူပါ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တအကောင်းဆုံးဖြစ်တော်မူသည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားသည် ကုရ်အာန်ကျမ်းမြတ်ပင် ဖြစ်သည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ﷺ)သည် ဖိနပ်စီးရာတွင်လည်းကောင်း၊ ခေါင်းဖြီးရာတွင်လည်းကောင်း၊ ဝုဿွူနှင့် ဂုစ်လ်ပြုရာတွင်လည်းကောင်း၊ အခြားကောင်း မြတ်သော ကိစ္စရပ်တိုင်းတွင် ညာဘက်ဖြင့်အစပြုခြင်းကိုနှစ်သက်တော်မူ၏။
عربي الإنجليزية الأوردية
ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ကိုယ်တော်၏ လည်ချောင်းအတွင်းရှိ အာသီးကိုပင် မြင်နိုင်လောက်အောင် ကျယ်လောင်စွာ ရယ်မောခြင်းမျိုးကို ဘယ်သောအခါမှ မတွေ့မမြင်ခဲ့ဖူးပါ။ ကိုယ်တော်သည် ပြုံးရုံပြုံးတတ်ပါသည်။
عربي الإنجليزية الأوردية
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ (၁၀)ရကအသ်
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညအချိန် (သဟဒ်ဂျုဒ်ဆွလာသ်ဝတ်ပြုရန်အတွက်) နိုးထတော်မူသောအခါတိုင်း တံပူဖြင့် မိမိပါးစပ်(သွား)ကို တိုက်တော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် ဒဂ်ျဂျာလ်နှင့် ပတ်သက်သည့် အချက်တစ်ခုကို အသင်တို့အား မပြောပြရဘူးလား။ ယင်းကို မည်သည့်နဗီတမန်တော်မျှ မိမိတို့၏ အမျိုးသားများကို မပြောပြဖူးပေ။ ဧကန်အမှန်ပင် ဒဂ်ျဂျာလ်သည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ ၎င်းသည်မိမိနှင့်အတူ ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲမီးကဲ့သို့သာ အရာမျိုးကို ယူဆောင်လာလိမ့်မည်
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်မရှိပါ။ မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် အာရဗ်တို့အတွက် ပျက်စီးခြင်း ဆိုက်ရောက်လာလိမ့်မည်။ ယနေ့ ယအ်ဂျူးဂျ်၊ မအ်ဂျူးဂျ် (တို့အား တားဆီးထားသော) တံတိုင်းဟာ ဤမျှလောက် ပွင့်သွားခဲ့ပြီဖြ‌စ်သည်
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လိုက်ကာချထားသော အိမ်တွင်း၌ ပုန်းအောင်းနေသော ပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မနှစ်သက်သော အရာတစ်စုံတစ်ခုကို တွေ့မြင်တော်မူသောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ရဲ့ မျက်နှာတော်၏အရိပ်အရောင်မှ ထိုမနှစ်သက်မှုကို သိရှိကြ လေသည်။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်သည့်အခါ မိမိချိုင်းတော်နှစ်ဖက်၏ဖြူဖွေးသည့်အသား ပေါ်လွင်သည်အထိ မိမိလက်တော်နှစ်ဖက်ကို (နံဘေးမှ) ခွာထားတော်မူသည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နှာချေသောအခါတွင် မိမိ၏လက်ကို ( သို့မဟုတ် မိမိ၏အဝတ်ကို) ပါးစပ်ပေါ် တင်ထားမူပြီး၊ ၎င်း( လက် (သို့) အဝတ် ) ဖြင့် မိမိ၏အသံကို နှိမ့်ချတော်မူလေသည် ( သို့မဟုတ် ဖုံးဖိတော်မူလေသည် )။
عربي الإنجليزية الأوردية
မုအ်မင်န်ယုံကြည်သူများအပေါ် သို့မဟုတ် ငါကိုယ်‌ တော်ရဲ့အွမ္မသ်သားများအပေါ် အခက်အခဲ ဖြစ်သွားမှာကို မစိုးရိမ်ဘူးဆိုလျှင် ဆွလာသ်အချိန်တိုင်းတွင် မိစ်ဝါးက်တံပူတိုက်ဖို့ မုချငါကိုယ်တော် အမိန့်ပေးတော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ သင့်အား အ‌ကြောင်းခံ၍ လူတစ်ဦးတစ်ယောက်ကို အလ္လာဟ်အရှင်မြတ်က လမ်းမှန်ချီးမြှင့်ခဲ့ခြင်းသည် သင့်အတွက် အနီရောင်ကုလားအုတ်များရသည်ထက်ပင် ပို၍မြင့်မြတ် ကောင်းမွန်လှပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
ကျွန်မနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရေအိုးတစ်လုံးထဲမှပင် ရေအတူချိုးခဲ့ကြသည်။ ကျွန်မတို့ နှစ်ဦးစလုံးသည် (ဂျုနုဗ်) ရေချိုးရန် တာဝန်ထိုက်နေကြပါသည်။ ကိုယ်တော်သည် ကျွန်မ
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အရက်ရောဆုံးအခြေအနေမှာ ရမဿွာန်လ၌ကိုယ်တော့်ထံသို့ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)လာတွေ့သောအချိန်ဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို ငါကိုယ်တော့်အပေါ် စလာမ်ပို့သလျှင်၊ ငါတော်သည် ထိုသူ့အား စလာမ်ပြန်လည်‌ ဖြေကြားနိုင်ရန် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်ဝိညာဉ်ကို ငါကိုယ်တော့်ထံ ပြန်လည်ပေးတော်မူသည် ။
عربي الإنجليزية الأوردية
သက်တော်လေးဆယ်တွင် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ဝဟီဗျာဒိတ်တော်ကျရောက်ခဲ့သည်။
عربي الإنجليزية الأوردية
ဆံပင်ပုခုံးထိရှည်လျားပြီး၊ အနီရောင်ဝတ်ရုံကို ဝတ်ထားတယ့်အခါ အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထက်ပို၍ လှပတဲ့သူကို ကျွန်တော် မမြင်ဖူးပါ
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာတက်သည့်အခါတိုင်း ကျွန်တော်နှင့် ကျွန်တော် ၏အရွယ်တူ ကလေးတစ်ဦးသည် ရေအိုးတစ်လုံးနှင့် လှံတိုတစ်ချောင်းကို သယ်ဆောင်လျက် လိုက်ပါကြရသည်။ ထို့နောက် တမန်တော်မြတ်သည် ရေဖြင့် သန့်စင်တော်မူလေသည်။
عربي الإنجليزية الأوردية
အို-အဘူဘကရ်၊ ထိုနှစ်ဦး (တမန်တော်နှင့် အဘူဘကရ်) ပတ်သတ်၍ အသင်မည်သို့ ထင်မြင်ယူဆသနည်း။ အလ္လာဟ်အရှင်မြတ်သည် ( ၎င်းတို့နှစ်ဦးနှင့်အတူ ) တတိယ‌မြောက်အဖြစ် ရှိတော်မူ၏။
عربي الإنجليزية الأوردية
- " ကိုယ်တော်မြတ်သည် မိမိအိမ်သူအိမ်သားများ၏ အလုပ်ကို ထမ်းဆောင်တော်မူသည် (ဆိုလိုသည်မှာ မိသားစုအတွက် စီမံလုပ်ကိုင်ပေးတော်မူသည်)၊ ထို့နောက် ဆွလာသ်အချိန်ရောက်လျှင် ဆွလာသ်ဝတ်ပြုရန်အတွက် ထွက်ခွါသွားတော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية
“အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပထမဦးဆုံးစတင်ခဲ့သော ဝဟီဗျာဒိတ်တော်မှာ မှန်ကန်သည့် အိပ်မက်ကောင်းများ ဖြစ်သည်
عربي الإنجليزية الإندونيسية
ဤသို့ ဤသို့ ပြောဆိုကြသော လူများ၏ အရေးကား အဘယ်နည်း။ ငါကိုယ်‌တော်သည် ည၌ ဆွလားသ်ဝတ်ပြုသည်၊ အိပ်စက်ခြင်းကိုလည်းပြုသည်။ ရိုဇာဥပုသ်လည်း စောင့်ထိန်းသည်။ ရိုဇာမထားဘဲလည်းနေသည်။ အမျိုးသမီးများနှင့် အိမ်ထောင်လည်းပြုသည်။ သို့ဖြစ်ရာ မည်သူမဆို ငါကိုယ်တော်ရဲ့ စွန္နသ်လမ်းစဉ်မှ ကျောခိုင်းခဲ့ပါက ထိုသူသည် ငါကိုယ်တော်၏ အွမ္မသ်သားထဲကမဟုတ်ပေ။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ ထိုပို၍လွယ်ကူသောအရာသည် အပြစ်မဟုတ်သရွေ့ကာလပတ်လုံး (ပို၍လွယ်ကူသောအရာကိုသာ ရွေးချယ်တော်မူလေ့ရှိသည်။) အကယ်၍ ထိုပို၍လွယ်ကူသောအရာသည် အပြစ်ဖြစ်ခဲ့လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်
عربي الإنجليزية الأوردية
“အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရုန့်ရင်း ကြမ်းတမ်းသူလည်း မဟုတ်၊ ရုန့်ရင်း ကြမ်းတမ်းသည့် အပြုအမူကို တမင်ပြုလုပ်သူလည်း မဟုတ်၊ ဈေးများ၌ အော်ဟစ်ကျယ်လောင်စွာပြောဆိုတတ်သူလည်း မဟုတ်ပါ။ မကောင်းမှုကို မကောင်းမှုဖြင့် မတုန့်ပြန်ဘဲ၊ ခွင့်လွှတ်တော်မူပြီး သည်းခံတော်မူ၏။
عربي الإنجليزية الأوردية
“ဆွလာသ်ဝတ်ပြုမှုကို အမြဲထိန်းသိမ်းကြပါ။ အသင်တို့၏ လက်ယာလက်များက ပိုင်ဆိုင်သော ကျွန်၊ ကျွန်မများနှင့် ပတ်သက်၍လည်း (တာဝန်ကျေပွန်ကြပါ)”
عربي الإنجليزية الإندونيسية