عَنْ سَهْلُ بْنُ سَعْدٍ رَضِيَ اللَّهُ عَنْهُ أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ يَوْمَ خَيْبَرَ:
«لَأُعْطِيَنَّ هَذِهِ الرَّايَةَ غَدًا رَجُلًا يَفْتَحُ اللَّهُ عَلَى يَدَيْهِ، يُحِبُّ اللَّهَ وَرَسُولَهُ وَيُحِبُّهُ اللَّهُ وَرَسُولُهُ»، قَالَ: فَبَاتَ النَّاسُ يَدُوكُونَ لَيْلَتَهُمْ أَيُّهُمْ يُعْطَاهَا، فَلَمَّا أَصْبَحَ النَّاسُ غَدَوْا عَلَى رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كُلُّهُمْ يَرْجُو أَنْ يُعْطَاهَا، فَقَالَ: «أَيْنَ عَلِيُّ بْنُ أَبِي طَالِبٍ؟» فَقِيلَ: هُوَ يَا رَسُولَ اللَّهِ يَشْتَكِي عَيْنَيْهِ، قَالَ: «فَأَرْسِلُوا إِلَيْهِ»، فَأُتِيَ بِهِ فَبَصَقَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي عَيْنَيْهِ وَدَعَا لَهُ، فَبَرَأَ حَتَّى كَأَنْ لَمْ يَكُنْ بِهِ وَجَعٌ، فَأَعْطَاهُ الرَّايَةَ، فَقَالَ عَلِيٌّ: يَا رَسُولَ اللَّهِ، أُقَاتِلُهُمْ حَتَّى يَكُونُوا مِثْلَنَا؟ فَقَالَ: «انْفُذْ عَلَى رِسْلِكَ حَتَّى تَنْزِلَ بِسَاحَتِهِمْ، ثُمَّ ادْعُهُمْ إِلَى الإِسْلاَمِ، وَأَخْبِرْهُمْ بِمَا يَجِبُ عَلَيْهِمْ مِنْ حَقِّ اللَّهِ فِيهِ، فَوَاللَّهِ لَأَنْ يَهْدِيَ اللَّهُ بِكَ رَجُلًا وَاحِدًا، خَيْرٌ لَكَ مِنْ أَنْ يَكُونَ لَكَ حُمْرُ النَّعَمِ».
المزيد
စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ခိုင်ဗရ်စစ်ပွဲဖြစ်သည့်နေ့တွင် မိန့်ကြားတော်မူခဲ့သည်။
ဧကန်အမှန်ပင် ငါကိုယ်တော်သည် ဤအလံကို မနက်ဖြန်၌ အကြင်သူအား အပ်နှင်းတော်မူမည်။ ထိုသူ၏ လက်ပေါ်၌ အလ္လာဟ်အရှင်မြတ် အောင်နိုင်မှုကို ချီးမြှင့်တော်မူပေမည်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်ကို ချစ်မြတ်နိုးပြီး အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်ကလည်း သူ့အား ချစ်မြတ်နိုးတော်မူကြ၏" ဟု မိန့်ကြားတော်မူခဲ့သည်။ စဟ်လ် ( ရဿွိယလ္လာဟု အန်ဟုက ) ဆက်လက်ပြောကြားခဲ့သည်မှာ- ထိုအခါ လူတို့သည် ညအချိန်ကို မိမိတို့အနက်မှ မည်သူက အလံတော်ကို ချီးမြှင့်ခံရမည်နည်းဟု ဆွေးနွေးငြင်းခုံကာ ကုန်လွန်စေခဲ့ကြသည်။ နံနက်မိုးသောက်သောအခါ လူတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်)ထံတော်သို့ ရောက်ရှိလာကြပြီး၊ ၎င်းတို့အားလုံးမှာ ကိုယ်စီကိုယ်စီ အလံကို ချီးမြှင့်ခံရမည်ဟု မျှော်လင့်ချက်ထားရှိကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) က "အလီ ဗင်န် အဘီသွာလိဗ် မည်သည့်နေရာတွင်ရှိသနည်း" ဟု မေးမြန်းတော်မူသည်။ လူတို့က "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ သူသည် မျက်စိနာကျင်နေပါသည်" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) က "သူ့ထံ စေလွှတ်ကြလော့ ( လူလွှတ်၍ သူ့ကိုခေါ်ယူလာကြလော့)" ဟု မိန့်ကြားတော်မူသည်။ သို့ဖြစ်၍ သူ့အား ခေါ်ယူလာခဲ့ကြသည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) သည် သူ၏မျက်စိနှစ်ဖက်ပေါ်သို့ တံတွေးဖြင့် လိမ်းကျံပေးတော်မူပြီး သူ့အတွက် ဒုအာပြုပေးတော်မူသည်။ ထိုအခါ သူသည် မျက်စိမနာခဲ့သကဲ့သို့ ပကတိအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။ ထို့နောက် တမန်တော်မြတ်သည် သူ့အား အလံကို ပေးအပ်တော်မူသည်။ ထိုအခါ အလီ (ရဿွိယလ္လာဟုအန်ဟု) က "အို- အလ္လာဟ်၏ တမန်တော်၊ သူတို့သည် ကျွန်ုပ်တို့ကဲ့သို့ (မွတ်စ်လင်မ်များ) ဖြစ်သွားသည်အထိ ကျွန်ုပ် သူတို့အား တိုက်ခိုက်ရပါမည်လော" ဟု လျှောက်ထားမေးမြန်းသည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်)က " အသင် သူတို့၏ နယ်မြေအတွင်းသို့ ဆိုက်ရောက်သည်အထိ ငြိမ်းချမ်းစွာဖြင့်သွားလော့။ ထို့နောက် သူတို့အား အစ္စလာမ့်လမ်းစဉ်သို့ ဖိတ်ခေါ်လော့။ ထိုမှတစ်ဆင့် သူတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ တာဝန်ကျေရမည့် အရေးကိစ္စများကို သူတို့အား အသိပေးတင်ပြလော့။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ သင့်အား အကြောင်းခံ၍ လူတစ်ဦးတစ်ယောက်ကို အလ္လာဟ်အရှင်မြတ်က လမ်းမှန်ချီးမြှင့်ခဲ့ခြင်းသည် သင့်အတွက် အနီရောင်ကုလားအုတ်များရသည်ထက်ပင် ပို၍မြင့်မြတ် ကောင်းမွန်လှပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။