عن سَعِيدِ بْنِ الْمُسَيَّبِ، عَنْ أَبِيهِ قَالَ:
لَمَّا حَضَرَتْ أَبَا طَالِبٍ الْوَفَاةُ، جَاءَهُ رَسُولُ اللهِ صلى الله عليه وسلم فَوَجَدَ عِنْدَهُ أَبَا جَهْلٍ وَعَبْدَ اللهِ بْنَ أَبِي أُمَيَّةَ بْنِ الْمُغِيرَةِ، فَقَالَ: «أَيْ عَمِّ، قُلْ: لَا إِلَهَ إِلَّا اللهُ، كَلِمَةً أُحَاجُّ لَكَ بِهَا عِنْدَ اللهِ»، فَقَالَ أَبُو جَهْلٍ وَعَبْدُ اللهِ بْنُ أَبِي أُمَيَّةَ: أَتَرْغَبُ عَنْ مِلَّةِ عَبْدِ الْمُطَّلِبِ، فَلَمْ يَزَلْ رَسُولُ اللهِ صلى الله عليه وسلم يَعْرِضُهَا عَلَيْهِ، وَيُعِيدَانِهِ بِتِلْكَ الْمَقَالَةِ، حَتَّى قَالَ أَبُو طَالِبٍ آخِرَ مَا كَلَّمَهُمْ: عَلَى مِلَّةِ عَبْدِ الْمُطَّلِبِ، وَأَبَى أَنْ يَقُولَ: لَا إِلَهَ إِلَّا اللهُ، قَالَ: قَالَ رَسُولُ اللهِ صلى الله عليه وسلم: «وَاللهِ لَأَسْتَغْفِرَنَّ لَكَ مَا لَمْ أُنْهَ عَنْكَ»، فَأَنْزَلَ اللهُ: {مَا كَانَ لِلنَّبِيِّ وَالَّذِينَ آمَنُوا أَنْ يَسْتَغْفِرُوا لِلْمُشْرِكِينَ} [التوبة: 113]، وَأَنْزَلَ اللهُ فِي أَبِي طَالِبٍ، فَقَالَ لِرَسُولِ اللهِ صلى الله عليه وسلم: {إِنَّكَ لا تَهْدِي مَنْ أَحْبَبْتَ وَلَكِنَّ اللهَ يَهْدِي مَنْ يَشَاءُ} [القصص: 56].
[صحيح] - [متفق عليه] - [صحيح البخاري: 4772]
المزيــد ...
စအီးဒ်ဗင်န် မုစိုင်းယစ်ဗ်က သူ၏ဖခင်ထံမှ ဆင့်ပြန် ပြောကြားခဲ့သည်။
အဗူသွာလိဗ် သေဆုံးခါနီးအချိန် ရောက်လာသည့်အခါ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူထံ ကြွမြန်းတော်မူလာသည်။ သူ့အနားတွင် အဗူဂျဟ်လ်နှင့် အဗ်ဒုလ္လာဟ်ဗင်န် အဗီအုမိုင်းယဟ်ဗင်န် မုဂီးရဟ်နှစ်ဦးကို ကိုယ်တော်က တွေ့မြင်ခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အို ကျွန်တော့်ဘကြီးတော် ‘လာအိလာဟ အိလ္လလ္လာဟ်’ဟူသည့် ကလိမဟ်တော်ကို ရွတ်ဆိုလိုက်ပါ။ ကျွန်တော်သည် ဘကြီးအတွက် ဤကလိမဟ်တော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အရေးဆိုလျှောက်ထားပေးတော်မူမည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူဂျဟ်လ်နှင့် အဗ်ဒုလ္လာဟ်ဗင်န် အဗီအုမိုင်းယဟ်တို့က အသင်သည် အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာကို စွန်လွှတ်တော့မှာလားဟု ပြောဆိုခဲ့ကြသည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူ့အား ကလိမဟ်တော်ကို တင်ပြကာ အဆက်မပြတ်နားချတော်မူသည်။ ၎င်းတို့နှစ်ဦးကလည်း ထိုစကားကိုသာ ပြန်လည်ပြောဆိုကြသည်။ နောက်ဆုံးတွင် အဗူသွာလိဗ်က ၎င်းတို့အား ပြန်လည်ပြောဆိုသည့် နောက်ဆုံးစကားမှာ ၎င်းအနေဖြင့် အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာပေါ်တွင်သာ တည်မြဲနေမည်ဟူသည့် စကားပင်ဖြစ်သည်။ ၎င်းသည် ‘လာအိလာဟ အိလ္လလ္လာဟ်’ ရွတ်ဆိုခြင်းကို ငြင်းပယ်ခဲ့သည်။ ဆင့်ပြန်သူက ဆက်လက် ပြောပြသည်မှာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပါသည်။ ကျွန်ုပ်သည် သင်နှင့်ပတ်သက်၍ တားမြစ်ပိတ်ပင်ခြင်း မခံရသမျှ ကာလပတ်လုံး(အလ္လာဟ် အရှင်မြတ်ထံတော်တွင်) အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပေးမည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဤအာယသ်တော်ကို ချပေးတော်မူသည်။ (နဗီတမန်တော်မြတ်၌လည်းကောင်း၊ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌လည်းကောင်း၊ မုရှ်ရစ်က်တို့အဖို့ ၎င်းတို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။) ကုရ်အာန် (၉:၁၁၃) အလ္လာဟ်အရှင်မြတ်သည် အဗူသွာလိဗ်နှင့် ပတ်သက်၍ အောက်ပါအာယသ်တော်ကို ချပေးတော်မူခဲ့သည်။ ထိုအာယသ်တော်၌ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မိန့်ကြားတော်မူသည်မှာ- (ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆)
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 4772]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိဘကြီး အဗူသွာလိဗ် ကွယ်ခါလွန်နီးအချိန်တွင် သူ့ထံ ဝင်ရောက်လာခဲ့သည်။ ထို့နောက် ကိုယ်တော်က အို ကျွန်တော်၏ဘကြီး ‘လာအိလာဟ အိလ္လလ္လာဟ်’ဟူသည့် ကလိမဟ်တော်ကို ရွတ်ဆိုလိုက်ပါ။ ကျွန်တော်သည် ဘကြီးအတွက် ဤကလိမဟ်တော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် သက်သေခံပေးပါမည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူဂျဟ်လ်နှင့် အဗ်ဒုလ္လာဟ်ဗင်န် အဗီအုမိုင်းယဟ်တို့က အို အဗူသွာလိဗ် အသင်သည် အသင့်ဖခင် အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာကို စွန်လွှတ်တော့မှာလားဟု ပြောဆိုခဲ့ကြသည်။ ထိုသာသနာမှာ ရုပ်တုကိုးကွယ်သည့် သာသနာဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် သူ့အား ထိုစကားကိုသာ အဆက်မပြတ်ပြောကြားနေရာနောက်ဆုံးတွင် အဗူသွာလိဗ်က ၎င်းတို့အား ပြန်လည်ပြောဆိုသည့် နောက်ဆုံးစကားမှာ ၎င်းအနေဖြင့် ရုပ်တု ကိုးကွယ်သည့် သာသနာ၊ ဖက်စပ်ယှဉ်တွဲကိုးကွယ်သည့် သာသနာဖြစ်သော အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာပေါ်တွင်သာ တည်မြဲနေမည်ဟူသည့် စကားပင်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က သင်နှင့်ပတ်သက်၍ ကျွန်ုပ်အား တားမြစ်ပိတ်ပင်ခြင်း မပြုသမျှ ကာလပတ်လုံး အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပေးမည်။ ထိုအခါ ဤအာယသ်တော်ကို ကျရောက်လာသည်။ (နဗီတမန်တော်မြတ်၌လည်းကောင်း၊ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌လည်းကောင်း၊ မုရှ်ရစ်က်တို့အဖို့ ၎င်းတို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။) ကုရ်အာန် (၉:၁၁၃) အဗူသွာလိဗ်နှင့် ပတ်သက်၍ အောက်ပါအာယသ်တော် ကျရောက်လာခဲ့သည်။ (ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆) ထိုအာယသ်တော်၌ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အသင်သည် မိမိနှစ်သက်လိုလားသူအား ဟိဒါယသ် တရားလမ်းမှန် မချီးမြှင့်နိုင်ကြောင်းနှင့် အသင်၏တာဝန်မှာ ပို့ချရန်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ကသာ မိမိ အလိုရှိသူအား ဟိဒါယသ် တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူကြောင်း မိန့်ကြားတော်မူထားသည်။