عَنْ أَنَسِ بْنِ مَالِكٍ رَضيَ اللهُ عنهُ قَالَ:
لَمَّا نَزَلَتْ: {إِنَّا فَتَحْنَا لَكَ فَتْحًا مُبِينًا لِيَغْفِرَ لَكَ اللهُ} إِلَى قَوْلِهِ {فَوْزًا عَظِيمًا} [الفتح: ١-٥] مَرْجِعَهُ مِنَ الْحُدَيْبِيَةِ، وَهُمْ يُخَالِطُهُمُ الْحُزْنُ وَالْكَآبَةُ، وَقَدْ نَحَرَ الْهَدْيَ بِالْحُدَيْبِيَةِ، فَقَالَ: «لَقَدْ أُنْزِلَتْ عَلَيَّ آيَةٌ هِيَ أَحَبُّ إِلَيَّ مِنَ الدُّنْيَا جَمِيعًا».
[صحيح] - [رواه مسلم] - [صحيح مسلم: 1786]
المزيــد ...
အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
"တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဟုဒိုင်ဘီယာမှ ပြန်လည်ကြွမြန်းလာတော်မူသည့်အချိန်၌ စူရဟ်ဖသဟ်၏ ဤအာယသ်တော်များ၊
{إِنَّا فَتَحْنَا لَكَ فَتْحًا مُبِينًا لِيَغْفِرَ لَكَ اللهُ} إِلَى قَوْلِهِ {فَوْزًا عَظِيمًا} [الفتح: ١-٥]
(အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်ကို ထင်ရှားသော အောင်မြင်မှုတစ်ခု ချီးမြှင့်တော်မူလိုက်ပြီ ဖြစ်သည်။ (ထိုသို့ အောင်မြင်မှုပေးရခြင်းမှာ) အလ္လာဟ် အရှင်မြတ်သည် အသင်၏ နောက်ဖြစ် လျော့နည်းမှုများနှင့် အသင်၏ ရှေ့ဖြစ်လျော့နည်းမှုများကို ခွင့်လွှတ်တော်မူရန် နှင့်...” မှ “...ထို့ပြင် အသင်တို့အား ကြီးကျယ်ခမ်းနားသော အောင်မြင်မှုကို ပေးအပ်တော်မူရန်အတွက်” (အလ်-ဖသ်ဟ် ၁-၅) ကျရောက်လာခဲ့၏။ ထိုအချိန်၌ စွဟာဗဟ်များမှာ ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့နှင့် ကြုံတွေ့ခဲ့ရပြီး၊ တမန်တော်မြတ်သည်လည်း ဟုဒိုင်ဘီယာတွင်ပင် ကုရ်ဗာနီသားကောင်ကို ဇဗဟ်ပြုတော်မူခဲ့၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ − “ငါကိုယ်တော်အပေါ်၌ ဤကဲ့သို့သော အာယသ်တော်တစ်ခု ချပေးသနားတော်မူခြင်းခံရလေ၏။ ၎င်းအာယသ်တော်သည် ငါကိုယ်တော့်ထံ ဤလောကကြီးတစ်ခုလုံးထက်ပင် ပို၍နှစ်သက်ဖွယ်ကောင်း၏။”
[صحيح] - [رواه مسلم] - [صحيح مسلم - 1786]
အနတ်စ် ဗင်န် မာလစ်က် ( ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဟုဒိုင်ဘီယာမှ ပြန်လည်ကြွမြန်းလာတော်မူသည့်အချိန်၌ စူရဟ်ဖသဟ်၏ ဤအာယသ်တော်များသည် ကိုယ်တော့်အပေါ်၌ ကျရောက်လာခဲ့၏။ إِنَّا فَتَحْنَا لَكَ فَتْحًا مُبِينًا (١) لِيَغْفِرَ لَكَ اللَّهُ مَا تَقَدَّمَ مِنْ ذَنْبِكَ وَمَا تَأَخَّرَ وَيُتِمَّ نِعْمَتَهُ عَلَيْكَ وَيَهْدِيَكَ صِرَاطًا مُسْتَقِيمًا (٢) وَيَنْصُرَكَ اللَّهُ نَصْرًا عَزِيزًا (٣) هُوَ الَّذِي أَنْزَلَ السَّكِينَةَ فِي قُلُوبِ الْمُؤْمِنِينَ لِيَزْدَادُوا إِيمَانًا مَعَ إِيمَانِهِمْ وَلِلَّهِ جُنُودُ السَّمَاوَاتِ وَالْأَرْضِ وَكَانَ اللَّهُ عَلِيمًا حَكِيمًا (٤) لِيُدْخِلَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَيُكَفِّرَ عَنْهُمْ سَيِّئَاتِهِمْ وَكَانَ ذَلِكَ عِنْدَ اللَّهِ فَوْزًا عَظِيمًا} [الفتح: ١-٥]، {(၁) အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်ကို ထင်ရှားသော အောင်မြင်မှုတစ်ခု ချီးမြှင့်တော်မူလိုက်ပြီ ဖြစ်သည်။ (၂) (ထိုသို့ အောင်မြင်မှု ပေးရခြင်းမှာ) အလ္လာဟ် အရှင်မြတ်သည် အသင်၏ နောက်ဖြစ် လျော့နည်းမှုများနှင့် အသင်၏ ရှေ့ဖြစ်လျော့နည်းမှုများကို ခွင့်လွှတ်တော်မူရန် အတွက်၊ ထို့ပြင် အရှင်မြတ်၏ ကျေးဇူးတော်ကို အသင်၏ အပေါ်တွင် ပြည့်ဝစေတော်မူရန် အတွက်၊ ထို့ပြင် အသင့်အား ဖြောင့်မတ်သော တရားလမ်းကို ညွှန်ကြားပြသတော်မူရန် အတွက် ဖြစ်သည်။ (၃) ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် အသင့်အား အားလုံးအပေါ်တွင် လွှမ်းမိုးသော ကူညီမှုကို ချီးမြှင့်ပေးသနားတော်မူရန် အတွက်လည်း ဖြစ်သည်။ (၄) အရှင်မြတ်သည်ပင် မုအ်မင်န် ယုံကြည်သူများ၏ စိတ်နှလုံးများ ထဲတွင် သူတို့၏ အီမာန်များ နှင့်တကွ အီမာန် ထပ်တိုးစေရန် အတွက် စိတ်တည်ငြိမ်မှုကို ချပေးတော်မူခဲ့သည်။ ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင် ရှိသော စစ်တပ် ဟူသမျှသည် အလ္လာဟ် အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသော အရှင်၊ ပညာဉာဏ် အမြော် အမြင်နှင့် အလွန် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူသည်။ (၅) (ထိုသို့အောင်မြင်မှု ပေးရခြင်းမှာ) အရှင်မြတ်သည် မုအ်မင်န် ယုံကြည်သူ အမျိုးသားများနှင့် မုအ်မိနဟ် ယုံကြည်သူ အမျိုးသမီးများကို အကြင် ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူရန် အတွက် ဖြစ်သည်။ သူတို့သည် ၎င်း(ဥယျာဉ်များ)တွင် အမြဲ နေကြရမည် ဖြစ်သည်။ ၎င်း(ဥယျာဉ်များ)၏ အောက်မှ စမ်းရေချောင်းများ စီးဆင်းနေမည်။ ထို့ပြင် အရှင်မြတ်သည် သူတို့ထံမှ သူတို့၏ ပြစ်မှုများကို ပပျောက်စေတော်မူရန် အတွက် ဖြစ်သည်။ ထို့ပြင် ၎င်းသည် အလ္လာဟ် အရှင်မြတ် ထံတော်တွင် ကြီးကျယ် သော အောင်မြင်မှုပင် ဖြစ်သည်။} ( စူရဟ်ဖသဟ် - ၁-၅ ) ထိုအချိန်၌ စွဟာဗဟ်များမှာ ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့နှင့် ကြုံတွေ့ခဲ့ကြရ၏။ အကြောင်းမှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့သည့်အချက်ကြောင့်လည်းကောင်း၊ ၎င်းစာချုပ်သည် မွတ်စ်လင်မ်များ၏ အကျိုးစီးပွားအတွက် မဟုတ်ဟု သူတို့ထင်မြင်မိခြင်းကြောင့်ဖြစ်ပြီး၊ ထိုအချက်သည် အွမ်ရာပြုလုပ်ခြင်းနှင့် သူတို့အကြား၌ အတားအဆီးဖြစ်ခဲ့၏။ ၎င်းနောက် သူတို့သည် ဟုဒိုင်ဘီယာတွင်ပင် ဟဒီသားကောင်ကို ဇဗဟ်ပြုခဲ့ကြ၏။ ထိုအခါ တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူသည်မှာ- ငါကိုယ်တော်အပေါ်၌ ဤကဲ့သို့သော အာယသ်တော်တစ်ခု ချပေးသနားတော်မူခြင်းခံရလေ၏။ ၎င်းအာယသ်တော်သည် ငါကိုယ်တော့်ထံ ဤလောကကြီးတစ်ခုလုံးထက်ပင် ပို၍နှစ်သက်ဖွယ်ကောင်း၏ ဟု မိန့်ကြားတော်မူပြီးနောက် ထိုအာယသ်တော်ကို ရွတ်ဖတ်တော်မူခဲ့၏။