عَنْ عَبْدِ اللهِ بنِ مَسْعُودٍ رَضيَ اللهُ عنهُ قَالَ: نَامَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ عَلَى حَصِيرٍ، فَقَامَ وَقَدْ أَثَّرَ فِي جَنْبِهِ، فَقُلْنَا: يَا رَسُولَ اللهِ، لَوِ اتَّخَذْنَا لَكَ وِطَاءً، فَقَالَ:
«مَا لِي وَلِلدُّنْيَا، مَا أَنَا فِي الدُّنْيَا إِلاَّ كَرَاكِبٍ اسْتَظَلَّ تَحْتَ شَجَرَةٍ ثُمَّ رَاحَ وَتَرَكَهَا».

[صحيح] - [رواه الترمذي وابن ماجه] - [سنن الترمذي: 2377]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿိယလ္လာဟုအန်ဟု) က ဆင့်ပြန်ပြောကြားသည်- “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖျာတစ်ချပ်ပေါ်တွင် အိပ်စက်တော်မူခဲ့သည်။ ထို့နောက် နိုးထတော်မူသောအခါ ဖျာ၏အရာသည် ကိုယ်တော်၏ နံဘေးတွင် ကျန်ရစ်နေခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့က ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော့်အတွက် ကျွန်တော်မျိုးတို့ အိပ်ရာတစ်ခု ပြု လုပ်ပေးပါရစေ’ ဟု လျှောက်ထားခဲ့ကြသည်။
ထိုအခါ ကိုယ်တော်က ‘ငါကိုယ်တော်နှင့် ဤဒွန်ယာလောက မည်သို့ဆက်စပ်မှုရှိသနည်း၊ ငါကိုယ်‌ တော်သည် ဤဒွန်ယာလောက၌ အရိပ်ရရန် သစ်ပင်အောက်တွင် ခိုလှုံပြီး ထို့နောက် ထွက်ခွာသွားသော စီးနင်းသူ (ခရီးသည်) တစ်ဦးမျှသာ ဖြစ်သည်’ ဟု မိန့်တော်မူ၏။”

[صحيح] - [رواه الترمذي وابن ماجه] - [سنن الترمذي - 2377]

ရှင်းလင်းချက်

အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အပင်(သို့) မြက်အချို့ဖြင့် ရက်လုပ်ထားသော ဖျာငယ်တစ်ချပ်ပေါ်တွင် အိပ်စက်တော်မူခဲ့သည်။ ထို့နောက် နိုးထတော်မူသောအခါ ဖျာ၏အရာသည် ကိုယ်တော်၏ နံဘေးတွင် ကျန်ရစ်နေခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့က လျှောက်ထားခဲ့ကြသည်။ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ ကိုယ်တော့်အတွက် ဤကြမ်းတမ်းသော ဖျာပေါ်တွင် အိပ်စက်ခြင်းထက် ပိုမိုကောင်းမွန်သည့်နူးညံ့ပျော့ပျောင်းသော အိပ်ယာခင်းတစ်ခုကို ပြုလုပ်ပေးပါရ‌စေ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၌ လောကီကို ချစ်ခင်တွယ်တာခြင်းနှင့် ရင်းနှီးကျွမ်းဝင်လိုခြင်းမရှိ‌သောကြောင့် ယင်းအား လိုလားတပ်မက်ခြင်းမရှိပေ။ ထို့ကြောင့် ဒွန်ယာလောက၌ ငါကိုယ်တော်၏တည်ရှိနေခြင်း၏ ဥပမာသည် အရိပ်ရသော သစ်ပင်တစ်ပင်အောက်တွင် ခေတ္တနားပြီး ထွက်ခွာသွားသော ခရီးသည်တစ်ဦးကဲ့သို့သာ ဖြစ်၏။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လောကီရေးရာကို စွန့်လွှတ်ပယ်ရှောင်တော်မူပုံနှင့် ထိုလောကီရေးရာများမှ ကင်းကွာတော်မူပုံကို ရှင်းလင်းဖော်ပြခြင်း။
  2. ၂။ ဟဒီးစ်တော်၌ လောကီရေးရာများတွင် မရှိမဖြစ်လိုအပ်သောအရာများကို စွန့်လွှတ်ရမည်ဟူ၍ မပါရှိပါ။ (အမှန်စင်စစ် ရှုံ့ချပြစ်တင်ထိုက်သည်မှာ) ထိုလောကီရေးရာများဖြင့် နောင်ဘဝအတွက် လုပ်ဆောင်ရမည့်ကိစ္စများမှ သွေဖည်သွားခြင်းပင်ဖြစ်သည်။ အကြောင်းမူကား လူတစ်ဦးသည် သစ်ပင်တစ်ပင်အောက်တွင် ခိုလှုံပြီး မိမိခရီးဆက်လျှောက်နိုင်ရန်အတွက် ထိုသစ်ပင်မှ အကျိုးခံစားယူခြင်းဖြစ်ရာ၊ ထိုသစ်ပင်ကို မှီခိုတည်နေသည်မဟုတ်ပေ။
  3. ၃။ အကဲဖြတ်ဆင်ခြင်ရမည့်အချက်မှာ အကောင်းဆုံးသော စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အခြေအနေပင်ဖြစ်သည်။ မည်သူမဆို ထိုတမန်တော်၏ ဖဝါးခြေထပ် လျှောက်လမ်းပါက လမ်းမှန်သို့ ရောက်ရှိမည်ဖြစ်ပြီး လောကီရော နောင်ဘဝတွင်ပါ အောင်မြင်မှုရရှိမည်ဖြစ်သည်။
  4. ၄။ ဆွဟာဗဟ်များ (ရဿွိယလ္လာဟုအန်ဟွမ်) ၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ်၌ အလေးထားဂရုစိုက်မှုနှင့် ချစ်ခင်မြတ်နှိုးမှု။
  5. ၅။ ဒအ်ဝသ်ပေးဖိတ်ခေါ်ခြင်းနှင့် ပညာသင်ကြားပေးခြင်းတို့တွင် ဥပမာများဖြင့် ရှင်းပြခြင်းသည် ခွင့်ပြုထားသော ကိစ္စရပ်ဖြစ်ခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (32)
ထပ်၍