عَنْ عَلِيٍّ رَضِيَ اللَّهُ عَنْهُ: إِذَا حَدَّثْتُكُمْ عَنْ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَلَأَنْ أَخِرَّ مِنَ السَّمَاءِ أَحَبُّ إِلَيَّ مِنْ أَنْ أَكْذِبَ عَلَيْهِ، وَإِذَا حَدَّثْتُكُمْ فِيمَا بَيْنِي وَبَيْنَكُمْ فَإِنَّ الحَرْبَ خَدْعَةٌ، سَمِعْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«يَأْتِي فِي آخِرِ الزَّمَانِ قَوْمٌ حُدَثَاءُ الأَسْنَانِ سُفَهَاءُ الأَحْلاَمِ، يَقُولُونَ مِنْ خَيْرِ قَوْلِ البَرِيَّةِ، يَمْرُقُونَ مِنَ الإِسْلاَمِ كَمَا يَمْرُقُ السَّهْمُ مِنَ الرَّمِيَّةِ، لاَ يُجَاوِزُ إِيمَانُهُمْ حَنَاجِرَهُمْ، فَأَيْنَمَا لَقِيتُمُوهُمْ فَاقْتُلُوهُمْ، فَإِنَّ قَتْلَهُمْ أَجْرٌ لِمَنْ قَتَلَهُمْ يَوْمَ القِيَامَةِ».
[صحيح] - [متفق عليه] - [صحيح البخاري: 3611]
المزيــد ...
အလီ(ရဿွိယလ္လာဟုအန်ဟု) ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက “ ကျွန်ုပ် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ ဟဒီးစ်ဆင့်ပြန်ပြောကြားသည့်အခါ၊ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် မဟုတ်မမှန်လိမ်လည်ပြောဆိုမိခြင်းထက် မိုးကောင်းကင်မှ ပြုတ်ကျခြင်းကို ကျွန်ုပ် ပိုမိုနှစ်သက်ပါသည်။ သို့သော်ကျွန်ုပ် အသင်တို့ကို ကျွန်ုပ်နှင့်အသင်တို့ကြား ဖြစ်ခဲ့သည့် ကိစ္စရပ်ကိုပြောကြားရမည်ဆိုလျင်တော့ စင်စစ် စစ်ပွဲသည် လှည့်ဖျားမှု ဖြစ်သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရသည်-
"နောက်ဆုံးခေတ်သမယ၌ အသယ်အရွယ်အားဖြင့်ငယ်ပြီး ဉာဏ်ရည်နိမ့်ပါးသူများ ပေါ်ထွက်လာလိမ့်မည်။ သူတို့သည် အကောင်းဆုံးစကား(ကုရ်အာန်)ဖြင့် ပြောဆိုကြလိမ့်မည်။ သို့သော် ပစ်မှတ်ကိုဖောက်ထွက်သွားသည့် မြားတံကဲ့သို့ သူတို့သည် အစ္စလာမ်မှထွက်ခွာသွားကြလိမ့်မည်။ သူတို့၏ အီမာန်ယုံကြည်ခြင်းသည် လည်ချောင်းများ ကိုကျော်လွန်မည် မဟုတ်ပေ။ (နှလုံးသားထဲထိ အီမာန်ရောက်ရှိမည် မဟုတ်ပေ။) ထို့ကြောင့် သင်တို့သည် သူတို့ကို မည်သည့်နေရာ၌ပင် တွေ့သည်ဖြစ်စေ သတ်ပစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် သူတို့ကို သတ်ခြင်းသည် သတ်သူအတွက် ကိယာမသ်နေ့၌ အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။”
[صحيح] - [متفق عليه] - [صحيح البخاري - 3611]
အမီရုလ်မုအ်မိနီးန် အလီ ဗင်န် အဘီသွာလစ်ဗ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်− “သင်တို့သည် ကျွန်ုပ်အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ ဟဒီးသ်တစ်ခုခုကို ပြောကြားနေသည်ကို ကြားရသောအခါ (သိမှတ်ထားကြလော့။) ကျွန်ုပ်သည် မည်သည့်အရာကိုမျှ သွယ်ဝိုက်ပြောဆိုခြင်း၊ အရိပ်အမြွက်ဖြင့်ပြောဆိုခြင်း၊ ဖုံးကွယ်၍ပြောဆိုခြင်းမပြုဘဲ အတိအလင်းရှင်းလင်းစွာ ပြောဆိုပါသည်။ ကျွန်ုပ်အတွက် မိုးကောင်းကင်မှ ပြုတ်ကျခြင်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ် မဟုတ်မမှန်လိမ်ညာ၍ ဟဒီးစ်ဆင့်ပြန် ခြင်းထက် များစွာပို၍ လွယ်ကူပြီး ပေါ့ပါးပါသည်။ သို့ရာတွင် ကျွန်ုပ်နှင့်လူတို့ကြား ဖြစ်ခဲ့သည့်ကိစ္စရပ်ကို ပြောကြားရမည်ဆိုလျင်တော့ (ကျွန်ုပ်သည် လူများကြားတွင် မိမိကိုယ်ကို ကာကွယ်ရန် ပြောဆိုရသည့် အခြေအနေ၌ (စစ်ပွဲတွင်း၌) ဆိုလျှင်မူ) စင်စစ် စစ်ပွဲသည် လှည့်စားမှုပရိယယ်သာလျှင် ဖြစ်၏။ သို့ဖြစ်၍ ကျွန်ုပ်သည် သွယ်ဝိုက်ပြောဆိုခြင်း၊ အရိပ်အမြွက်ဖြင့်ပြောဆိုခြင်း၊ ဖုံးကွယ်၍ပြောဆိုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ကျွန်ုပ်သည် တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ဤသို့ မိန့်ကြား သည်ကို ကြားခဲ့ရပါသည်− ‘ နောက်ဆုံးခေတ်သမယ၌ အသယ်အရွယ်အားဖြင့်ငယ်ပြီး ဉာဏ်ရည်နိမ့်ပါးသူများ ပေါ်ထွက်လာလိမ့်မည်။ သူတို့သည် ကုရ်အာန်ဖြင့်(အထောက်အထားပေးကာ) ပြောဆိုကြပြီး ကုရ်အာန်ကို အလွန်အမင်း ရွတ်ဖတ်ကြလိမ့်မည်။ သို့သော် သူတို့သည် ပစ်မှတ်ကိုဖောက်ထွက်သွားသည့် မြားတံကဲ့သို့ အစ္စလာမ်မှထွက်ခွာသွားကြမည်ဖြစ်ပြီး၊ ယင်း၏ နယ်နိမိတ်များ(တားမြစ်ချက်များ)ကို ကျူးလွန်ကြလိမ့်မည်။ သူတို့၏ အီမာန်ယုံကြည်ခြင်းသည် လည်ချောင်းများ ကိုကျော်လွန်မည် မဟုတ်ပေ။ (နှလုံးသားထဲထိ အီမာန်ရောက်ရှိမည် မဟုတ်ပေ။) ထို့ကြောင့် သင်တို့သည် သူတို့ကို မည်သည့်နေရာ၌ပင် တွေ့သည်ဖြစ်စေ သတ်ပစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် သူတို့ကို သတ်ခြင်းသည် သတ်သူအတွက် ကိယာမသ်နေ့၌ အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။