عَنْ عَائِشَةَ رضي الله عنها قَالَتْ: قَالَ رَسُولُ اللهِ صلى الله عليه وسلم:
«مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ فِيهِ فَهُوَ رَدٌّ» متفق عليه.
ولمسلم: «مَنْ عَمِلَ عَمَلًا لَيْسَ عَلَيْهِ أَمْرُنَا فَهُوَ رَدٌّ».
[صحيح] - [متفق عليه] - [صحيح البخاري: 2697]
المزيــد ...
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။ (ဗုခါရီကျမ်း၊ မွတ်စ်လင်မ်ကျမ်း)
မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ- အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာ၌ ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 2697]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မည်သူမဆို သာသနာတော်၌ တရားသစ်တီထွင်မည် သို့မဟုတ် ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ်တော်တွင် အထောက်အထားမရှိသော ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်မည်ဆိုပါက ထိုလုပ်ရပ်သည် ပြုလုပ်သူထံမှ ပယ်ချခြင်းခံရမည်ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် လက်ခံသဘောတူခြင်းခံရမည် မဟုတ်ပါ။