+ -

عن حفصة بنت عمر بن الخطاب رضي الله عنهما عن النبي صلى الله عليه وسلم قال: "من أتَى عرَّافًا فسأله عن شيء، فصدَّقه لم تُقْبَلْ له صلاةٌ أربعينَ يومًا".
[صحيح] - [رواه مسلم]
المزيــد ...

ဟဗ်ဆွဟ် ဗင်သိ အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ တစ်စုံတစ်ရာ မေးမြန်းကာ ၎င်းအား ထောက်ခံခဲ့လျှင် ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းခံရမည် မဟုတ်ပေ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။]

ရှင်းလင်းချက်

ဤဩဝါဒတော်၌ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော်တို့အား မိန့်ကြားထားသည်မှာ မည်သူမဆို အကွယ်အကြောင်းအရာသိကြောင်း ကြွေးကြော်သူ တစ်ဦးဦးထံ သွား၍ အကွယ်ကိစ္စ တစ်စုံတစ်ရာအား မေးမြန်းပြီး ၎င်း၏ဟောကြားချက်ကို ထောက်ခံခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ရက်ပေါင်း လေးဆယ်တိုင် ဆွလာသ်ဆောက်တည်မှု၏ အကျိုးကုသိုလ်မှ လက်မဲ့ဖြစ်စေတော်မူမည်ဖြစ်သည်။ ဤသည် သူကျူးလွန်ခဲ့သည့် ကြီးလေးသော အပြစ်အကုသိုလ်အတွက် ပြစ်ဒဏ်ပင်ဖြစ်သည်။ မည်သူမဆို ထိုသို့ဟောကြားသူများကို ထောက်ခံခဲ့ပါက ၎င်းသည် အခြားဩဝါဒတော်တစ်ခုတွင် လာရှိသည့်အတိုင်း တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ပေါ်ချပေးခဲ့သည် (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်ခြင်းပင်ဖြစ်သည်။ ဗေဒင်၊နက္ခတ်၊ အကြားအမြင်ဆရာများထံ သွားခြင်းသည် ဤမျှအပြစ်ကြီးသည်ဆိုလျှင် မိမိကိုယ်တိုင် ဟောကြားနေသူသည် အပြစ်မည်မျှ ကြီးမည်နည်း။ ကျွန်တော်မျိုးတို့သည် ထိုလုပ်ရပ်များမှ ကင်းဝေးရန် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါသည်။ အရှင်မြတ်ထံတော်တွင် ငြိမ်းချမ်းသက်သာမှုကို တောင်းခံပါသည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ অরমো কন্নড় الولوف البلغارية আজারী الأوكرانية الجورجية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဗေဒင်လက္ခဏာဆရာနှင့် အကွယ်အကြောင်းအရာဟောကြားသူများထံ သွားရောက်ခြင်း၊ ၎င်းတို့အား အကွယ်အကြောင်းအရာများမေးခြင်း၊ ၎င်းတို့၏ ဟောကြားချက်များကို ထောက်ခံခြင်းတို့ကို တားမြစ်ထားသည်။ ထိုလုပ်ရပ်များသည် ကုဖ်ရ် သွေဖည်ငြင်းပယ်မှုပင် ဖြစ်သည်။
  2. ဗေဒင်လက္ခဏာကြည့်ခြင်း၊ အကွယ်အကြောင်းအရာများမေးခြင်းတို့အား တားမြစ်ထားသည်။ ထိုလုပ်ရပ်သည် (ကဗီရဟ်)ကြီးလေးသည့် ပြစ်မှုများတွင် ပါဝင်သည်။
  3. တစ်ခါတစ်ရံ လူသားသည် မိမိကျူးလွန်သည့် အကုသိုလ်၏ ရလဒ်ကြောင့် ကောင်းမှုများ၏ အကျိုးကုသိုလ်မှ လက်မဲ့ဖြစ်သွားသည်။
ထပ်၍