+ -

عن ابن عباس رضي الله عنهما قال: قال رسول الله صلى الله عليه وسلم : "من اقتَبَس شُعْبَة من النُّجوم؛ فقد اقتَبَسَ شُعْبة من السِّحْر، زاد ما زاد".
[صحيح] - [رواه أبو داود وابن ماجه وأحمد]
المزيــد ...

အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင် ၎င်းသည် ဂျာဒူပယောဂ၏ ကဏ္ဍတစ်ခုကို သင်ယူခဲ့ခြင်းပင်ဖြစ်သည်။ (သင်ယူမှု)များလာသည်နှင့်အမျှ (ဂျာဒူပယောဂအတတ်လည်း) များလာမည်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [အိဗ်နုမာဂျဟ်ကျမ်း။ - အဗူဒါဝူဒ်ကျမ်း။ - အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။]

ရှင်းလင်းချက်

အကွယ်အကြောင်းအရာများကို အလ္လာဟ်အရှင်မြတ်က မိမိတစ်ပါးတည်းအတွက်သာ သီးသန့် သတ်မှတ်ထားသဖြင့် ထိုလျှို့ဝှက်ချက်များကို စူးစမ်းလေ့လာရန် ကြိုးစားမှုတိုင်းကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က တားမြစ်တော်မူခဲ့သည်။ ထိုတားမြစ်ချက်တွင် ကောင်းကင်ဆိုင်ရာ အခြေအနေများကို အသုံးပြု၍ မြေပထဝီ၌ (အကောင်း၊အဆိုး)အဖြစ်အပျက်များကို ခန့်မှန်းသည့် နက္ခတ်ဗေဒ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်လည်းပါဝင်သည်။ ထို့ကြောင့် ထိုပညာရပ်ကိုသင်ယူခြင်းသည် ဂျာဒူပယောဂ ပညာရပ်အမျိုးအစား တစ်မျိုးကို သင်ယူခြင်းပင်ဖြစ်ကြောင်း ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ လူသားတွင် ထိုပညာရပ်တိုးလာသည့်နှင့်အမျှ ဂျာဒူပယောဂအတတ်လည်း တိုးလာမည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ অরমো কন্নড় الولوف البلغارية আজারী الأوكرانية الجورجية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကြယ်တာရာများ၊ ဂြိုလ်များ၏ အခြေအနေပေါ်မူတည်၍ အနာဂတ်အကြောင်း ဟောကြားသည့် နက္ခတ်ဗေဒ ပညာရပ်အား တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဟောကြားခြင်းသည် အကွယ်၏ အသိပညာရှိကြောင်း ကြွေးကြော်ခြင်းပင်ဖြစ်သည်။
  2. နက္ခတ်ဗေဒ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်သည် ဂျာဒူပယောဂ အမျိုးအစားအနက်မှပင်ဖြစ်ပြီး သောင်ဟီးဒ်တရားတော်နှင့် ဆန့်ကျင်သည်။
  3. နက္ခတ်ဗေဒ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်ကို ပို၍ သင်ယူလာသည်နှင့်အမျှ ဂျာဒူပယောဂအတတ် သင်ယူမှုတိုးလာမည်ပင်ဖြစ်သည်။
  4. ဂျာဒူပယောဂအတတ်တွင် အမျိုးအစားများစွာ ရှိသည်။
ထပ်၍