عن الْأَغَرِّ رضي الله عنه، وَكَانَ مِنْ أَصْحَابِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«يَا أَيُّهَا النَّاسُ تُوبُوا إِلَى اللهِ، فَإِنِّي أَتُوبُ فِي الْيَوْمِ إِلَيْهِ مِائَةَ مَرَّةٍ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2702]
المزيــد ...
အဂတ်ရ်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဆွဟာဗီတစ်ပါးဖြစ်သည်။ ၎င်းက ပြောပြခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
" အို- လူသားအပေါင်းတို့ အသင်တို အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုကြလေကုန်။ ဧကန်စင်စစ် ငါကိုယ်တော်သည် တစ်ရက်တွင် အကြိမ်တစ်ရာမျှ အရှင်မြတ်ထံ သောင်ဗဟ်ပြုတော် မူ၏။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2702]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူအပေါင်းတို့အား သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း)နှင့် အိစ်သိဂ်ဖားရ် (အလ္လာဟ်အရှင်မြတ်ထံ) ခွင့်လွှတ်မှုတောင်းခံခြင်းကို များမြောင်စွာ ပြုလုပ်ကြရန် အမိန့်ပေးတော်မူသည်။ ထို့ပြင် မိမိကိုယ်တိုင်လည်း တစ်ရက်တွင် အကြိမ်တစ်ရာကျော် အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း)နှင့် အိစ်သိဂ်ဖားရ် (ခွင့်လွှတ်မှုတောင်းခံခြင်း) ပြုလုပ်ကြောင်း မိန့်ကြားတော်မူသည်။ ကိုယ်တော်သည် ရှေ့ယခင်ပြုခဲ့သော အပြစ်များနှင့် နောင်ကျူးလွန်မည့် အပြစ်များ(ရှိခဲ့လျှင်ကို)ပင် အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူခြင်းခံရပြီးဖြစ်ပါလျက် ဤသို့ ပြုလုပ်တော်မူခြင်းမှာ အလ္လာဟ်အရှင်မြတ်အတွက် စိုးမိုးနာခံမှု၏ ပြည့်စုံခြင်းနှင့် မိမိကိုယ်ကို နှိမ့်ချမှုအပြည့်အဝရှိခြင်းကို ဖော်ပြနေပေသည်။