အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

ကျွန်တစ်ဦးသည် အပြစ်အကုသိုလ်တစ်ခုကို ကျူးလွန်ခဲ့ပြီးနောက် ၎င်းက အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကိုခွင့်လွှတ်တော်မူသောအရှင်၊ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။
عربي အင်္ဂလိပ် ပြင်သစ်
မည်သူမဆို سُبْحَانَ اللَّهِ وَبِحَمْدِهِ ကို တစ်ရက်လျှင်အကြိမ်တစ်ရာ ရွတ်ဆိုမည်ဆိုပါက ထိုသူ၏ အပြစ်အကုသိုလ်များသည် ပင်လယ်ရေမြှုပ်ပမာ များပြားခဲ့လျှင်လည်း ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
لَا إلَهَ إلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ، وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍقَدِيرٌ အကြင်သူသည် ဤဇိက်ရ်တော်ကို ဆယ်ကြိမ်ရွတ်ဖတ်လျှင် ထိုသူသည် အစ္စမာအီးလ် (အလိုင်းဟိစ္စလာမ်)၏ သားစဉ်မြေးဆက်မှ ကျွန်လေးဦးအား သူကောင်းပြုသူကဲ့သို့ပင် ဖြစ်သည်။
عربي အင်္ဂလိပ် ပြင်သစ်
အာဇာန်ကို လိုက်ဆိုခြင်း၏ အကျိုးကုသိုလ်။
عربي အင်္ဂလိပ် ပြင်သစ်
သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။
عربي အင်္ဂလိပ် ပြင်သစ်
ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။
عربي အင်္ဂလိပ် ပြင်သစ်