عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ:
«مَنْ قَالَ: لاَ إِلَهَ إِلَّا اللَّهُ، وَحْدَهُ لاَ شَرِيكَ لَهُ، لَهُ المُلْكُ وَلَهُ الحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، فِي يَوْمٍ مِائَةَ مَرَّةٍ، كَانَتْ لَهُ عَدْلَ عَشْرِ رِقَابٍ، وَكُتِبَتْ لَهُ مِائَةُ حَسَنَةٍ، وَمُحِيَتْ عَنْهُ مِائَةُ سَيِّئَةٍ، وَكَانَتْ لَهُ حِرْزًا مِنَ الشَّيْطَانِ يَوْمَهُ ذَلِكَ حَتَّى يُمْسِيَ، وَلَمْ يَأْتِ أَحَدٌ بِأَفْضَلَ مِمَّا جَاءَ بِهِ إِلَّا أَحَدٌ عَمِلَ أَكْثَرَ مِنْ ذَلِكَ».

[صحيح] - [متفق عليه] - [صحيح البخاري: 3293]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို တစ်ရက်တွင် لاَ إِلَهَ إِلَّا اللَّه،) وَحْدَهُ لاَ شَرِيكَ لَهُ، لَهُ المُلْكُ وَلَهُ الحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ) အကြိမ်တစ်ရာ ရွတ်ဖတ်ပါက ၎င်းသည် ကျေးကျွန်ဆယ်ဦးကို သူကောင်းပြုခြင်းနှင့် ညီမျှသော အကျိုးကုသိုလ်ကို ရရှိပေမည်။ ထို့ပြင် ၎င်းအတွက် ကောင်းမှု တစ်ရာ ရေးမှတ်ခြင်းခံရပြီး၊ မကောင်းမှု တစ်ရာ ဖယ်ရှားပေးခြင်းခံရပေမည်။ ၎င်းအတွက် ညနေခင်းရောက်သည်အထိ ၎င်း၏တစ်နေ့တာမှာ ရှိုင်သွာန်ရဲ့ ဘေးအန္တရာယ်မှ ထိန်းသိမ်းခြင်းခံရပေမည်။ ၎င်းပြုလုပ်သည့် ကောင်းမှုထက် ပို၍ကောင်းသည့် အရာကို ယူဆောင်လာ (ပြုလုပ်သည့်) သူမရှိပေ။ သို့သော် လူတစ်ဦးသည် ၎င်းထက် ပို၍ ထို(ကလိမဟ်တော်) ကို ရွတ်ဖတ်ပါက ထိုသူသည် ပို၍ ကောင်းသည့်အရာကို ယူဆောင်လာခြင်း (ပြုလုပ်ခြင်း) ပင်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 3293]

ရှင်းလင်းချက်

တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်ကြားတော်မူခဲ့သည်။ မည်သူမဆို ဤဒုအာကို ရွတ်ဖတ်ပါက - لاَ إِلَهَ إِلَّا اللَّهُ، وَحْدَهُ لاَ) شَرِيكَ لَهُ، لَهُ المُلْكُ وَلَهُ الحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ) (အလိုသ‌ဘောမှာ- အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သောအရှင်ဟူ၍မရှိပါ။ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ ကိုးကွယ်ခံထိုက်ခြင်း၊ ဖန်ဆင်းခြင်း၊ နာမတော်များနှင့် ဂုဏ်တော်များတွင် ထိုအရှင်မြတ်နှင့် တွဲဖက်ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျင်းမရှိချေ။ အရှင်မြတ်သည်သာလျှင် စကြဝဠာအားလုံး၏ အချုပ်အခြာအာ ဏာပိုင်ရှင်ဖြစ်တော်မူပြီး အလိုရှိသလို စီမံခံ့ခွဲနိုင်တော်မူသောအရှင်ဖြစ်သည်။ ချီးမွမ်းခြင်းအားလုံးသည် အရှင်မြတ်အတွက်သာဖြစ်၏။ ထိုအရှင်မြတ်သည် မိမိဖန်ဆင်းတော်မူသမျှနှင့် စီမံချမှတ်တော်မူသမျှအတွက် (ချီးမွမ်းခြင်းခံရထိုက်သကဲ့သို့) ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်၏။ မည်သူတစ်ဦးတစ်ယောက်မျှ (အရှင်မြတ်၏ အမိန့်တော်ကို) ဟန့်တားနိုင်စွမ်း မရှိသကဲ့သို့ ပယ်ဖျက်နိုင်စွမ်းလည်း မရှိပေ။ ထို့ပြင် အရှင်မြတ်အလိုရှိတော်မမူသောအရာသည် ဖြစ်လာနိုင်မည်ပေ။ သို့ဖြစ်ရာ မည်သူ မဆို ဤဇိကိရ်ကို တစ်ရက်တွင် အကြိမ် တစ်ရာရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျေးကျွန်ဆယ်ဦးအား သူကောင်းပြုသူ၏အကျိုးကျေး ဇူးနှင့်အညီ ကုသိုလ်အကျိုးရေးမှတ်ခြင်းခံရမည်။ ၎င်းအတွက် ဂျန္နသ်သုခဘုံ၌ ကောင်းမှုအဆင့်တစ်ရာ ရရှိရန်ရေးမှတ်ခြင်းခံရမည်။ ၎င်းထံမှမကောင်းမှုတစ်ရာ ပယ်ဖျက်ပေးခြင်းခံရမည်။ ထိုဇိကိရ်သည် ၎င်းအဖို့ ညနေခင်းအထိ ထိုနေ့တွင် ရှိုင်သွာန်၏ လှည့်စားမှုနှင့် နှောင့်ယှက် လွှမ်းမိုးမှုမှ ကာကွယ်စောင့်ရှောက်ပေးသော၊ ခံတပ်ကြီးတစ်ခုသဖွယ် ဖြစ်ပေမည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ကိယာမတ်နေ့တွင် ၎င်းပြုလုပ်သည့် ကောင်းမှုထက် ပို၍ကောင်းမွန်သည့် အရာကို ယူဆောင်လာနိုင်မည်မဟုတ် ပေ။ သို့ရာတွင် လူတစ်ဦးသည် ၎င်းထက် ပို၍ ထို(ကလိ မဟ်တော်) ကို ရွတ်ဖတ်ပါက ထိုသူသည် ပို၍ ကောင်းသည့်အရာကို ယူဆောင်လာခြင်းပင်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကလိမဟ်သောင်ဟီးဒ်၏ မွန်မြတ်မှုနှင့် ၎င်း၏အကျိုးကျေးဇူးများ၏ ကြီးကျယ်မှု။
  2. မိမိ၏ဗန္ဒဟ်ကျေးကျွန်တစ်ဦးတစ်‌ယောက်တိုင်းအတွက် လွယ်ကူသောဇိကိရ်များကို ပြဋ္ဌာန်းပေးထားတော်မူပြီး၊ များပြားသော အကျိုး
  3. ကျေးဇူးများကို ချီးမြှင့်ပေးသနားတော်မူခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်၏ ကျယ်ပြန့်မှုကို (ဖော်ပြထားခြင်း။)
  4. ဤကလိမဟ်တော်ကို တစ်နေ့လျှင် အကြိမ်တစ်ရာထက်ပို၍ ရွတ်ဖတ်ပါက ဟဒီးဆ်တွင် ဖော်ပြထားသည့် အကြိမ်တစ်ရာ ရွတ်ဖတ်ခြင်း၏ အကျိုးကျေးဇူးအပြင် အပိုဆုလာဘ်များကိုပါ ရရှိမည်ဖြစ်သည်။ ဤအရေအတွက်သည် ကန့်သတ်ချက်တစ်ခု သို့မဟုတ် ကျော်လွန်၍မရသော ကိန်းဂဏန်းတစ်ခုမဟုတ်သကဲ့သို့ ကျော်လွန်ရွတ်ဖတ်ပါက အကျိုး
  5. ကျေးဇူးမရှိခြင်း သို့မဟုတ် ပျက်ပြယ်စေခြင်းလည်း မဖြစ်ပါ။
  6. အိမာမ်နဝဝီက “ဤဟဒီးဆ်တော်၏ အပေါ်ယံ အဓိပ္ပါယ်အရ မည်သူမဆို တစ်ရက်တွင် ဤကလိမဟ်တော်ကို အကြိမ်(၁၀၀) ရွတ်ဖတ်ပါက ဤဟဒီးဆ်တော်၌ဖော်ပြထားသောအကျိုးဆုလာဘ်ကို ရရှိမည်ဖြစ်သည်။ ယင်းကလိမဟ်တော်ကို ထိုင်ဝိုင်းများ၌ တစ်ဆက်တည်းရွတ်ဖတ်သည်ဖြစ်စေ၊ ခွဲ၍ရွတ်ဖတ်သည်ဖြစ်စေ၊ အချို့ကို နေ့၏အစပိုင်းတွင် ရွတ်ဖတ်၍၊ အချို့ကို နေ့၏အဆုံးပိုင်းတွင် ရွတ်ဖတ်သည်ဖြစ်စေ အကျိုးဆုလာဘ်ရရှိမည်ဖြစ်သည်။ သို့ရာတွင် နေ့၏အစပိုင်းတွင် တစ်ဆက်တည်းရွတ်ဆိုခြင်းသည် ပို၍ကောင်းမွန်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းဖြင့် တစ်နေ့တာလုံး ကာကွယ်စောင့်ရှောက်မှုရရှိသောကြောင့်ဖြစ်သည်” ဟု မိန့်ဆိုခဲ့သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (27)
ထပ်၍