عَن أَبي سَعِيدٍ الْخُدْرِيِّ رَضِيَ اللَّهُ عَنْهُ أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ قَالَ: رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا، وَجَبَتْ لَهُ الْجَنَّةُ».

[صحيح] - [رواه أبو داود] - [سنن أبي داود: 1529]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“မည်သူမဆို ‘رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَّسُولًا’ (အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသော်အရှင် အဖြစ်လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ်လည်း‌ ကောင်း၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို ရစူလ်တမန်တော်အဖြစ်လည်းကောင်း ကျွန်တော်မျိုး ကျေနပ်နှစ်သက်လက်ခံပါပြီ) ဟု ရွတ်ဆိုခဲ့လျှင် ထိုသူအတွက် ဂျန္နတ်သုခဘုံ ဝင်ခွင့် သေချာသွားပေသည်။”

[صحيح] - [رواه أبو داود] - [سنن أبي داود - 1529]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းရှင်၊ ကိုးကွယ်ခံထိုက်တော်မူသောအရှင်၊ ပြုစုပျိုးထောင်တော်မူသောအရှင်၊ အရာခပ်သိမ်းကို ပိုင်စိုင်တော်မူသောအရှင်၊ အစိုးရတော်မူသောအရှင်၊ ပြုပြင်ပြောင်းလဲတော်မူသောအရှင်အဖြစ်လည်း ကောင်း၊ အစ္စလာမ်သာသနာ၏ ပညတ်ချက်များဖြစ်သည့် အမိန့်တော်များနှင့် တားမြစ်ချက်များကို ဘာသာတရားနှင့် ရှရီအသ်လမ်းစဥ်၊ ယုံကြည်ချက်အဖြစ်လည်း‌ ကောင်း၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို ၎င်းအား စေလွှတ်တော်မူခဲ့သော အရာများနှင့် ကျွန်ုပ်တို့ထံ ပို့ဆောင်ပေးခဲ့သော အရာအားလုံးအတွက် ရစူလ်တမန်တော်၊ နဗီတမန်တော်အဖြစ်လည်းကောင်း ကျွန်တော်မျိုး ကျေနပ်နှစ်သက်လက်ခံပါပြီ) ဟု ရွတ်ဆိုခဲ့လျှင် ထိုသူအတွက် ဂျန္နတ်သုခဘုံ ဝင်ခွင့် သေချာသွားပေသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ ဤဒုအာကို ရွတ်ဆိုရန် တိုက်တွန်းထားခြင်းနှင့် ၎င်းကြောင့် ရရှိသော အကျိုးစဝါးဗ်များကို ဖော်ပြထားခြင်း။
  2. ၂။ အလ္လာဟ်အရှင်မြတ်ကို ရဗ်(ဖန်ဆင်းရှင်)အဖြစ် လက်ခံခြင်းဆိုသည်မှာ အရှင်မြတ်မှတစ်ပါး မည်သူ့ကိုမျှ ခဝပ်ကိုးကွယ်မှုမပြုခြင်းကို ဆိုလိုသည်။
  3. ၃။ တမန်တော်မြတ်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို နဗီနှင့် ရစူလ်အဖြစ် လက်ခံခြင်းဆိုသည်မှာ တမန်တော်မြတ်၏အမိန့်ကို နာခံခြင်းနှင့် ၎င်း၏စွန္နသ်တော်ကို လိုက်နာခြင်းကို ဆိုလိုသည်။
  4. ၄။ အစ္စလာမ်ကိုသာသနာအဖြစ် လက်ခံခြင်းဆိုသည်မှာ အလ္လာဟ်အရှင်မြတ်က မိမိကျွန်များအတွက် ရွေးချယ်ပေးတော်မူသည့် သာသနာတော်ကို ကျေနပ်နှစ်သက်လက်ခံခြင်းဟု ဆိုလိုသည်။
  5. ၅။ အခြားသောဟဒီးစ်ဆင့်ပြန်ချက်များတွင် လာရှိသည်မှာ အဇာန်ပေးရာတွင် ရှဟာဒသိုင်းန်(သက်သေခံခြင်းနှစ်ရပ်) ကို ကြားသည့်အခါ ဤဒုအာကို ရွတ်ဆိုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  6. ၆။ အခြားဟဒီးစ်တော်တစ်ရပ်တွင် နံနက်နှင့်ညနေ၌ ဤဒုအာကို ရွတ်ဆိုခြင်းသည် မွတ်စ်သဟဗ်ဖြစ်ကြောင်းလာရှိထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အင်ဒိုနီးရှား ဘင်္ဂလီ ထပ်၍ (37)
ထပ်၍