ဟဒီးဆ်တော်များစာရင်း

အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်ပြီး အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိသည်။ ၎င်းတို့မှာ စွဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒုလိလ္လာဟ်၊ လာအိလာဟ အိလ္လလ္လာဟ်၊ အလ္လာဟု အက္ကဗရ် ဖြစ်သည်။ ၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ သင့်အားဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။
عربي الإنجليزية الأوردية
ကလိမဟ်တော် နှစ်ခုသည် နှုတ်လျှာပေါ်တွင် (ရွတ်ဆိုရာ၌) လွယ်ကူ ပေါ့ပါးပြီး (မီဇာန်) ချိန်ခွင်၌ အချိန်စီးသည်။ အနန္တကရုဏာရှင်ထံတော်၌လည်း နှစ်သက်ဖွယ်ရာဖြစ်သည်။
عربي الإنجليزية الأوردية
“စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ် ဝလာအိလာဟ အိလ္လလ္လာဟ် ဝလ္လာဟုအက္ကဗရ်” (အဓိပ္ပါယ်- အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသည်။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသောအရှင်ဟူ၍ အလျှင်းမရှိ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။) ဟု မြွက်ဆိုရခြင်းကို ငါကိုယ်တော်သည် နေထွက်ပေါ်သည့် အရာဟူသမျှထက် (လောကရှိအရာခပ်သိမ်းထက်)ပို၍ နှစ်သက်တော်မူသည်။
عربي الإنجليزية الأوردية
မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုတွင် ထိုင်ကြပြီး၊ ထိုထိုင်ဝိုင်း၌ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းလည်းမပြု၊ မိမိတို့၏ နဗီတမန်တော်မြတ်အပေါ် ဆွလာသ်ပို့သခြင်းလည်း မပြုကြဘူးဆိုရင်၊ ထိုထိုင်ဝိုင်းသည် ၎င်းတို့အတွက် ဆုံးရှုံးမှုကို ဖြစ်စေတဲ့အရာ ဖြစ်လိမ့်မယ်။ အကယ်၍ (အလ္လာဟ်အရှင်မြတ်က) အလိုရှိတော်မူလျှင် သူတို့ကို အပြစ်ဒဏ်ပေးတော်မူမည်။ အကယ်၍ အလိုရှိတော်မူလျှင်လည်း ခွင့်လွှတ်တော်မူမည်။
عربي الإنجليزية الأوردية
“မည်သူမဆို ‘رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَّسُولًا’ (အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသော်အရှင် အဖြစ်လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ်လည်း‌ ကောင်း၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို ရစူလ်တမန်တော်အဖြစ်လည်းကောင်း ကျွန်တော်မျိုး ကျေနပ်နှစ်သက်လက်ခံပါပြီ) ဟု ရွတ်ဆိုခဲ့လျှင် ထိုသူအတွက် ဂျန္နတ်သုခဘုံ ဝင်ခွင့် သေချာသွားပေသည်။”
عربي الإنجليزية الإندونيسية