عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «لَأَنْ أَقُولَ: سبحان الله، والحمد لله، ولا إله إلا الله، والله أكبر، أَحَبُّ إلَيَّ مِمَّا طَلَعَتْ عليْه الشمسُ».
[صحيح] - [رواه مسلم]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “စွဗ္ဗဟာနလ္လာဟ် ဝလ်ဟမ်ဒုလစ်လ္လာဟ် ဝလာအိလာဟအိလ္လလ္လာဟ် ဝလ္လာဟုအက္ကဗရ်” (အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူကြောင်းမြွတ်ဟနေပါသည်။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသောအရှင်ဟူ၍ အလျှင်းမရှိ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။) ဟု မြွတ်ဟရခြင်းကို ငါကိုယ်တော်သည် နေထွက်ပေါ်သည့် အရာဟူသမျှထက် (လောကရှိအရာခပ်သိမ်းထက်)ပို၍ နှစ်သက်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဤဟဒီးဆ်တော်တွင် အလ္လာဟ်အရှင်မြတ်အား ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ ချီးမွမ်းထောမနာပြုခြင်းကို ခံထိုက်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ အကြီးကျယ်ဆုံးသော အရှင်အဖြစ်လည်းကောင်း၊ ခဝပ်ကိုးကွယ်မှုကိုခံယူထိုက်သည့် တစ်ပါးတည်းသော အရှင်အဖြစ်လည်းကောင်း၊ အကြီးမြတ်ဆုံးသော အရှင်အဖြစ်လည်းကောင်း၊ သတိရတသမှုပြုရန် တိုက်တွန်းထားသည်။ ဤဇိက်ရ်တော်များသည် လောကနှင့် လောကရှိအရာခပ်သိမ်းတို့ထက် သာပိုမွန်မြတ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်နောင်တမလွန်ဘဝ၏ အမလ်ကောင်းမှုများဖြစ်ပြီး ၎င်းတို့သည် အမြဲတည်တံ့နေမည့် ကောင်းမြတ်သောအကျင့်သီလများဖြစ်သည်။ ၎င်းတို့၏ အကျိုးကုသိုလ်များသည် မည်သည့်အခါမျှ ကွယ်ပျောက်သွားမည် မဟုတ်သလို ကုန်ဆုံးသွားမည်လည်းမဟုတ်ပေ။ သို့သော် လောကသည် ပျောက်ကွယ်ပြီး ပျက်စီးသွားမည်သာဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဆင်ဟာလီ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန်
ဘာသာပြန်များကို ကြည့်ရှုရန်

အကျိုးကျေးဇူးများ

  1. အလ္လာဟ်အရှင်မြတ်အား ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ ချီးမွမ်းထောမနာပြုခြင်းကို ခံထိုက်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ အကြီးကျယ်ဆုံးသော အရှင်အဖြစ်လည်းကောင်း၊ ခဝပ်ကိုးကွယ်မှုကိုခံယူထိုက်သည့် တစ်ပါးတည်းသော အရှင်အဖြစ်လည်းကောင်း၊ အကြီးမြတ်ဆုံးသော အရှင်အဖြစ်လည်းကောင်း၊ သတိရတသမှုပြုရန် တိုက်တွန်းထားသည်။
  2. “စွဗ္ဗဟာနလ္လာဟ် ဝလ်ဟမ်ဒုလစ်လ္လာဟ် ဝလာအိလာဟအိလ္လလ္လာဟ် ဝလ္လာဟုအက္ကဗရ်” ဟူသည့် ဇိက်ရ်တော်များသည် အမြဲတည်တံ့နေမည့် ကောင်းမြတ်သော အကျင့်သီလများဖြစ်သည်။
  3. လောကီအကျိုးခံစားမှုသည် ခေတ္တခဏမျှသာဖြစ်ပြီး၊ ၎င်း၏ အလိုရမ္မက်များသည်လည်း ပျောက်ကွယ်သွားမည်ပင်ဖြစ်သည်။
  4. အာခိရသ်၏ စည်းစိမ်များသည် ပျောက်ကွယ်သွားခြင်းမရှိသလို ပြောင်းလဲသွားမည်လည်း မဟုတ်ပေ။
ထပ်၍