عن أبي هريرة رضي الله عنه : أن رسول الله صلى الله عليه وسلم قال: «لا تجعلوا بيوتكم مَقَابر، إنَّ الشيطان يَنْفِرُ من البيت الذي تُقْرَأُ فيه سورةُ البقرة».
[صحيح] - [رواه مسلم]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် မိမိတို့၏အိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ ရှိုင်သွာန်သည် စူရဟ်ဗကရဟ်ရွတ်ဖတ်သော အိမ်မှထွက်ပြေးသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နေအိမ်များတွင် ဆွလာသ်ဆောက်တည်ခြင်း၊ ကုရ်အာန်ကျမ်းမြတ်ရွတ်ဖတ်ခြင်းတို့ မပြုဘဲသင်္ချိုင်းများကဲ့သို့ ပြုလုပ်ထားခြင်းမှ တားမြစ်ထားသည်။ ဆွလာသ်ဆောက်တည်ခြင်းမရှိသော အိမ်များကို သင်္ချိုင်းများဟု ခေါ်ဆိုထားခြင်းမှာ သင်္ချိုင်းများ၌ ဆွလာသ်ဆောက်တည်ခွင့် မရှိသောကြောင့်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အမှန်ပင်ရှိုင်သွာန်သည် အိမ်သူအိမ်သားများက စူရဟ်ဗကရဟ် ရွတ်ဖတ်သည့်အိမ်မှ ထွက်ပြေးလေသည်။ထိုသို့ထွက်ပြေးရခြင်းမှာ စူရဟ်ဗကရဟ်ရွတ်ဖတ်သည့် ဗရကသ် မင်္ဂလာတော်နှင့် အိမ်သားတို့က ယင်းစူရဟ်တွင် ပါရှိသည့်အတိုင်း လိုက်နာကျင့်သုံးကြသည့်အတွက် ရှိုင်သွာန်သည် ၎င်းတို့အားလှည့်ဖျားရန်နှင့် လမ်းမှားစေရန်အတွက် မျှော်လင့်ချက်မဲ့သွားသောကြောင့်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဆင်ဟာလီ ကာ့ဒ် ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. စူရဟ်ဗကရဟ်၏ မွန်မြတ်မှုကို တင်ပြထားသည်။
  2. ရှိုင်သွာန်သည် စူရဟ်ဗကရဟ်ဖတ်သည့် အိမ်မှထွက်ပြေးပြီး အိမ်အနားပင်မကပ်ပေ။
  3. ကဗရ်သင်္ချိုင်းများတွင် ဆွလာသ် ဆောက်တည်ခြင်း မပိုင်ပါ။
  4. အိမ်များတွင် အိဗာဒသ် မြားမြောင်စွာပြုလုပ်ခြင်း၊ နဖ်လ်ဆွလာသ်များဆောက်တည်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
ထပ်၍