عن عائشة: أن النبي صلى الله عليه وسلم كان إذا أوى إلى فراشه كل ليلة جمع كفيه، ثم نفث فيهما فقرأ فيهما: قل هو الله أحد وقل أعوذ برب الفلق وقل أعوذ برب الناس، ثم يمسح بهما ما استطاع من جسده، يبدأ بهما على رأسه ووجهه وما أقبل من جسده يفعل ذلك ثلاث مرات. وفي رواية: قالت عائشة: فلما اشتكى كان يأمرني أن أفعل ذلك به.
[صحيح] - [رواه البخاري]
المزيــد ...

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ညစဉ်ညတိုင်းအိပ်ရာဝင်သောအခါမိမိ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်စုရုံးတော်မူပြီး ယင်းလက်ဖဝါးနှစ်ဖက်တွင် စူရဟ်အိခ်လာဆ်ွ၊ စူရဟ်ဖလပ်က်၊ စူရဟ်နာစ်တို့ကို ဖတ်ရွတ်ကာ မန်းမှုတ်တော်မူသည်။ ထို့နောက် ၎င်းလက်ဖဝါးနှစ်ဖက်ဖြင့် ရောက်နိုင်သလောက်ခန္ဓာကိုယ်နေရာအနှံ့ကို ပွတ်သပ်တော်မူသည်။ကိုယ်တော်သည် လက်ဖဝါးနှစ်ဖက်ဖြင့် ပထမဦးဆုံး ဦးခေါင်း၊ ၎င်းနောက်မျက်နှာ၊ ၎င်းနောက်ခန္ဓာကိုယ်အရှေ့ဘက်မှစ၍ ပွတ်သပ်တော်မူသည်။ ကိုယ်တော်သည် ထိုအတိုင်းပင် သုံးကြိမ်သုံးခါ ပြုလုပ်တော်မူသည်။ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ-အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ ကိုယ်တော်မြတ်နေမကောင်းဖြစ်သည့်အခါ ကိုယ်တော့်အား ထိုအတိုင်းမန်းမှုတ်ပေးရန် ကိုယ်တော်သည် ကျွန်မအားအမိန့်ပေးတော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။

ရှင်းလင်းချက်

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ ဧကန်အမှန်ပင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ညစဉ်ညတိုင်းအိပ်ရာဝင်သောအခါ မိမိ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်စုရုံးတော်မူပြီး ယင်းလက်ဖဝါးနှစ်ဖက်တွင် ခိုလှုံမှုတောင်းခံသည့်စူရဟ်များကို ဖတ်ရွတ်ကာ မန်းမှုတ်တော်မူသည်။ လေဖြင့်မှုတ်ခြင်းဟူသည် တံတွေးထွေးသလောက်မများပေ။ ဤနေရာတွင် ပါးစပ်မှတံတွေးအနည်းငယ်ပါသောလေဖြင့် မှုတ်ခြင်းကိုဆိုလိုသည်။ ထို့နောက် ၎င်းလက်ဖဝါးနှစ်ဖက်ဖြင့် ရောက်နိုင်သလောက်ခန္ဓာကိုယ်နေရာအနှံ့ကို ပွတ်သပ်တော်မူသည်။ကိုယ်တော်သည် လက်ဖဝါးနှစ်ဖက်ဖြင့် ပထမဦးဆုံး ဦးခေါင်း၊ ၎င်းနောက်မျက်နှာ၊ ၎င်းနောက်ခန္ဓာကိုယ်အရှေ့ဘက်မှစ၍ ပွတ်သပ်တော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုအတိုင်း သုံးကြိမ်သုံးခါပြုလုပ်တော်မူသည်။ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ပြောကြားခဲ့သည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘဝ၏နောက်ဆုံးအချိန် မကျန်းမမာဖြစ်သည့်အခါ ကိုယ်တော့်အား ထိုအတိုင်းမန်းမှုတ်ပေးရန် ကိုယ်တော်သည် ကျွန်မအားအမိန့်ပေးတော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နာမကျန်းဖြစ်သည့်အခါနှင့်အိပ်ရာဝင်သည့်အခါ မိမိကိုယ်မိမိ မန်းမှုတ်လေ့ရှိခြင်းသည် ဤအခြေအနေနှစ်ခုတွင် မန်းမှုတ်ခြင်း၌ကြီးကျယ်လှသည့် ‘ဗရကသ်’မင်္ဂလာရှိကြောင်း ညွှန်ပြနေသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိပ်ယာမဝင်မီ ခိုလှုံခွင့်တောင်းခံသည့် စူရဟ်များကိုရွတ်ဖတ်ခြင်းနှင့် အိပ်သည့်အခါ စိုးရိမ်ကြောက်ရွံ့စရာကိစ္စတိုင်းမှ အလ္လာဟ်အရှင်မြတ်ထံခိုလှုံခွင့်တောင်းခံခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
  2. တခြားသူများအား ဖတ်ရွတ်၊မန်းမှုတ်ပေးခြင်းပြုပိုင်သည်။
အမျိုးအစားများ
ထပ်၍