عَنْ ‌عَدِيِّ بْنِ حَاتِمٍ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«الْيَهُودُ مَغْضُوبٌ عَلَيْهِمْ، وَالنَّصَارَى ضُلَّالٌ».

[صحيح] - [رواه الترمذي] - [سنن الترمذي: 2954]
المزيــد ...

အဒီဗင်န် ဟာသင်မ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ယဟူဒီ (ဂျူး) များသည် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ရှခြင်းခံရသူများဖြစ်ပြီး နဆ်ွရာနီ (ခရစ်ယာန်) များသည် လမ်းလွဲနေသူများဖြစ်ကြသည်။

[صحيح] - [رواه الترمذي] - [سنن الترمذي - 2954]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ ယဟူဒီ (ဂျူး) များသည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ရှခြင်းခံရသူများဖြစ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမှန်တရားကိုသိပြီး လိုက်နာကျင်သုံးခြင်း မရှိကြပေ။ နဆ်ွရာနီ (ခရစ်ယာန်) များသည် လမ်းလွဲနေသူများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည်အသိပညာမရှိဘဲ ကောင်းမှုများပြုကြသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အသိပညာနှင့် အမလ်ကျင့်သုံးမှု နှစ်ခုပေါင်းစည်းမှသာ အမျက်တော်ရှခြင်းခံရသူများနှင့် လမ်းလွဲနေသူများ၏ လမ်းမှလွတ်မြောက်မည်ဖြစ်သည်။
  2. ယဟူဒီ (ဂျူး)၊ နဆ်ွရာနီ(ခရစ်ယာန်)တို့၏ လမ်းစဉ်ကိုလိုက်ခြင်းမှ သတိပေးတားမြစ်ထားပြီး ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ဖြစ်သည့် အစ္စလာမ်သာသနာကို စွဲမြဲစွာလိုက်နာကျင့်သုံးရန် အ‌ရေးကြီးသည်။
  3. ယဟူဒီ (ဂျူး)၊ နဆ်ွရာနီ (ခရစ်ယာန်)တိုင်းသည် လမ်းလွဲနေသူများ၊ အမျက်တော်ရှခြင်းခံရသူများ ဖြစ်ကြသော်လည်း အမျက်တော်ရှခြင်းဟူသောဂုဏ်သည်ယဟူဒီ (ဂျူး) တို့နှင့် သီးသန့်သက်ဆိုင်ပြီး၊ လမ်းလွဲနေခြင်းဟူသော ဂုဏ်သည် နဆ်ွရာနီ (ခရစ်ယာန်) သီးသန့်သက်ဆိုင်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (56)
ထပ်၍