عن عائشة رضي الله عنها قالت: تلا رسول الله صلى الله عليه وسلم هذه الآية: {هو الذي أنزل عليك الكتاب، منه آيات محكمات هن أم الكتاب، وأخر متشابهات، فأما الذين في قلوبهم زيغ فيتبعون ما تشابه منه ابتغاء الفتنة، وابتغاء تأويله، وما يعلم تأويله إلا الله، والراسخون في العلم يقولون: آمنا به كل من عند ربنا وما يذكر إلا أولو الألباب} قالت: قال رسول الله صلى الله عليه وسلم: «فإذا رأيت الذين يتبعون ما تشابه منه فأولئك الذين سمى الله فاحذروهم».
[صحيح] - [متفق عليه]
المزيــد ...

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)သည် ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူခဲ့သည်။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော်မူသော အရှင်မြတ်ပင်တည်း။ထိုကျမ်းမြတ်အနက် မပြောင်းမလွဲပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယတ်တော်များလည်းရှိပေ၏။ ယင်းအာယတ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တစ်ဝ အခြားအာယတ်တော်များမှာမူကား အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များလည်းရှိ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပါယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်းဆင်တူယိုးမှား အာယတ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာတ်၊ မုတရှာဗိဟာတ်၊ အာယတ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။ အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) (ကုရ်အာန်- ၃:၇) အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်ကြားတော်မူသည်မှာ "c2">“အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ပါ။”
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအယာသ်တော်ကိုဖတ်ရွတ်တော်မူခဲ့၏။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော်မူသော အရှင်မြတ်ပင်တည်း။ထိုကျမ်းမြတ်အနက် မပြောင်းမလွဲပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယတ်တော်များလည်းရှိပေ၏။ ယင်းအာယတ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တစ်ဝ အခြားအာယတ်တော်များမှာမူကား အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များလည်းရှိ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပါယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်းဆင်တူယိုးမှား အာယတ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာတ်၊ မုတရှာဗိဟာတ်အာယတ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်း အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။ အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) (ကုရ်အာန်- ၃:၇)ကျမ်းမြတ်ကုရ်အာန်တွင် အချို့အာယသ်တော်များသည် ထင်ရှားပြတ်သားစွာ အနက်အဓိပ္ပါယ် တစ်မျိုးတည်းထွက်သော အာယသ်တော်များဖြစ်ပြီး ထိုအာယသ်တော်များသည် ကုရ်အာန်ကျမ်းတော်မြတ်၏အဓိကအရင်းအမြစ်ပင်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်က မိန့်ကြားထားသည်။ ထိုအာယသ်တော်များသည် ၎င်းတို့ကိုယ်တိုင် အဓိပ္ပါယ်ရှင်းလင်းပြတ်သားပြီး အခြားသောဆင်တူယိုးမှားအာယသ်တော်များကိုလည်း ရှင်းပြပေးသည်။ ထိုအာယသ်တော်များနှင့်စပ်လျဉ်း၍ မည်သူမျှ အဓိပ္ပါယ်ရောနှောရှုပ်ထွေးခြင်းမရှိပေ။ထို့ပြင်ယင်းကျမ်းမြတ်၌ လူများစွာအတွက် သို့မဟုတ် လူအချို့အတွက်အဓိပ္ပာယ်ဆင်တူယိုးမှားဖြစ်ကာ ပေါ်လွင်ထင်ရှားခြင်းမရှိသည့် အခြားအာယသ်တော်များလည်းရှိသည်။ သို့ဖြစ်၍ မည်သူမဆို အဓိပ္ပါယ်တစ်စုံတစ်ရာ မရှင်းလင်းပါက အဓိပ္ပါယ်ရှင်းလင်းသည့် အာယသ်တော်များ ဘက်သို့သာ ပြန်လှည့်ရမည်ဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်က အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော ‘မုဟ်ကမာတ်’အာယတ်တော်များနှင့် စပ်လျဉ်း၍ (ယင်းအာယတ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။)ဟု မိန့်ကြားတော်မူထားသည်။ ဆိုလိုသည်မှာ အဓိပ္ပါယ်တစ်စုံတစ်ရာ မရှင်းလင်းပါက ပြန်လှည့်ရမည့် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အာယသ်တော်များဖြစ်သည်။ (သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူများသည်) ဟူသော အာယသ်တွင်ပါရှိသည့် သွေဖည်ယိမ်းယိုင်မှုဟူသည် သံသယရှိမှု၊ ယိမ်းယိုင်မှု၊ လမ်းမှားမှုကိုဆိုလိုသည်။ ၎င်းတို့သည် ‘ဖိသ်နဟ်’ပြသနာထဲသို့ ကျရောက်စေရန်နှင့် ၎င်းတို့၏‘ဗိဒ်အဟ်’တရားသစ်တီထွင်မှုတို့ကို ကုရ်အာန်ဖြင့် အထောက်အထားတင်ပြကြသည်ဟု နောက်လိုက်များအား ထင်ယောင်ထင်မှားဖြစ်စေကာ မိမိတို့၏ နောက်လိုက်များကို လမ်းမှားစေရန်အတွက် ထို‘မုတရှာဗိဟာတ်’အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များကိုလိုက်စားကြသည်။အမှန်တကယ်တွင် ကုရ်အာန်ကျမ်းမြတ်သည် ၎င်းတို့နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်ပြီး ၎င်းတို့အတွက်သက်သေအထောက်အထားမဟုတ်ပေ၊ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် ကုရ်အာန်ကျမ်းမြတ်အား မိမိတို့၏လမ်းလွဲနေသည့် စိတ်အလိုဆန္ဒအတိုင်းအကျယ်ဖွင့်ဆိုခြင်းနှင့် မိမိတို့လိုလားသည့်အတိုင်း လွဲမှားစွာတင်ပြကြသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ဖြစ်သည့် (အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူ ရိုးမှားဖြစ်သော အာယတ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ် အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာတ်၊ မုတရှာဗိဟာတ်၊ အာယတ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။)ဟူသော အာယာသ်တော်၏ အကျယ်ဖွင့်ဆိုချက်တွင်မှန်ကန်သည့်ဖွင့်ဆိုချက်နှစ်ခုရှိသည်။ ပထမ ဖွင့်ဆိုချက်မှာ- ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်၏ အချို့သော အဓိပ္ပာယ်ဖွင့်ဆိုခြင်းဆိုင်ရာ အသိပညာကို မိမိအတွက်သာ သီးသန့်ထားရှိတော်မူသည်။ ၎င်း၏အဓိပ္ပါယ်ကို အလ္လာဟ်အရှင်မြတ်မှအပ မည်သူမျှမသိနိုင်ပေ။ ယင်းသည် အကွယ်နှင့်သက်ဆိုင်သည့်အရှိတရားများ ‘ဆွိဖာသ်’ဂုဏ်တော်များ၏ ပုံသဏ္ဍာန်များစသည်တို့ဖြစ်သည်။ ရှရီအသ်၏ပညာကို ပြည့်စုံစွာ နားလည်တတ်ကျွမ်းသည့် ပညာရှင်ပါရဂူများက ၎င်းအဓိပ္ပာယ်တိကျပေါ်လွင်ထင်ရှားခြင်းမရှိသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များအား ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ယင်း၏ အသိပညာကို ၎င်းအားသိနားလည်သူထံသို့လွှဲအပ်ပါသည်။ အဓိပ္ပာယ်တိကျပေါ်လွင်ထင်ရှားခြင်းမရှိသော အာယသ်တော်နှင့် ထင်ရှားပြတ်သားစွာ အဓိပ္ပာယ်ထွက်သောအာယသ်တော်အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်မှကျရောက်ခဲ့သည်မှာ စစ်မှန်ကြောင်းယုံကြည်ပါသည်ဟု ပြောဆိုကြသည်။ ဒုတိယဖွင့်ဆိုချက်မှာ- အဓိပ္ပာယ်တိကျပေါ်လွင်ထင်ရှားခြင်းမရှိသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များကို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ် ရွေးချယ်ထားတော်မူသော ပညာရှင်ပါရဂူအချို့သာလျှင်သိရှိတော်မူသည်။ဤနေရာတွင် "c2">“သအ်ဝီးလ်”ဟူသည် သဖ်စီးရ် အကျယ်ဖွင့်ဆိုခြင်းကိုဆိုလိုသည်။ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်တော်မူသည်မှာ-အသင်မအနေဖြင့် ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်၌ (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများ)ဟု အမည်ပေးထားသည်။ ထို့ကြောင့် အို မွတ်စလင်မ်အပေါင်းတို့ အသင်တို့သည် ၎င်းတို့အားရှောင်ကြဉ်ကြပါ ၎င်းတို့နှင့်အတူထိုင်ခြင်း၊ စကားပြောခြင်းမပြုကြလေနှင့် အမှန်စင်စစ် ၎င်းတို့သည် သာသနာရေးတွင် တရားသစ်တီထွင်သူများပင်ဖြစ်ကြသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စိတ်နှလုံးသား သွေဖည်ယိမ်းယိုင်သူများ၊ တရားသစ်တီထွင်သူများ၊ လူတို့အားလမ်းလွဲစေရန်နှင့်သံသယများဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် ပြဿနာဖန်တီးသူများနှင့် ရောနှောခြင်းမှရှောင်ကြဉ်ရန်သတိပေးထားသည်။ မိမိမရှင်းလင်းသည့်အရာကို လမ်းညွှန်ပေးရန်အတွက် ယဉ်ကျေးသိမ်မွေ့စွာ မေးမြန်းလာသူသည် မည်သို့မျှကိစ္စမရှိသဖြင့် ၎င်းအားအဖြေပေးရန် တာဝန်ရှိသည်။သို့သော် ပထမအမျိုးအစားလူတို့အား အဖြေပေးရန်မလိုအပ်ဘဲ ပြစ်တင်ရှုံ့ချရမည်ဖြစ်သည်။
  2. အလ္လာဟ်အရှင်မြတ်က အာယသ်တော်၏အဆုံးတွင် (အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) ဟူ၍မိန့်ကြားထားသည်။ ဤသည် စိတ်နှလုံးသားသွေဖည်ယိမ်းယိုင်သူများကို အရိပ်အမြွက်ဖြင့်တင်ပြကာ ပညာရှင်ပါရဂူများကို ချီးမွမ်းထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အကြင်သူသည် တရားရယူခြင်းမရှိဘဲ မိမိစိတ်အလိုဆန္ဒနောက်လိုက်ပါက ၎င်းသည် ဉာဏ်ပညာရှင်များတွင် မပါဝင်နိုင်ပေ။
  3. ကုရ်အာန်ကျမ်းမြတ်၏အချို့အာယသ်တော်များသည် အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယတ်တော်များဖြစ်ပြီး၊ အချို့မှာ အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များဖြစ်သည်။
  4. အချို့အာယသ်တော်များကို မုတရှာဗိဟာတ်အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များအဖြစ်ပြုလုပ်ထားခြင်း၏ အမြော်အမြင်အချို့မှာ- အခြားသူများထက် အာလင်မ်ပညာရှင်တို့၏ ထွတ်မြတ်မှုကို ပေါ်လွင်စေခြင်း၊ အသိဉာဏ်အား အရှင်မြတ်ထံနာခံအပ်နှင်းရန်နှင့် ၎င်း၏ မတတ်စွမ်းနိုင်မှုကိုဝန်ခံရန်အတွက် အသိဉာဏ်၏ ကန့်သတ်ချက်များကို မီးမောင်းထိုးပြထားခြင်းစသည်တို့ဖြစ်သည်။
အမျိုးအစားများ
ထပ်၍