+ -

‌عن عَلِيٍّ قَالَ: إِنِّي كُنْتُ رَجُلًا إِذَا سَمِعْتُ مِنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ حَدِيثًا نَفَعَنِي اللهُ مِنْهُ بِمَا شَاءَ أَنْ يَنْفَعَنِي بِهِ، وَإِذَا حَدَّثَنِي رَجُلٌ مِنْ أَصْحَابِهِ اسْتَحْلَفْتُهُ، فَإِذَا حَلَفَ لِي صَدَّقْتُهُ، وَإِنَّهُ حَدَّثَنِي ‌أَبُو بَكْرٍ، وَصَدَقَ أَبُو بَكْرٍ، قَالَ: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«مَا مِنْ رَجُلٍ يُذْنِبُ ذَنْبًا، ثُمَّ يَقُومُ فَيَتَطَهَّرُ، ثُمَّ يُصَلِّي، ثُمَّ يَسْتَغْفِرُ اللهَ، إِلَّا غَفَرَ اللهُ لَهُ»، ثُمَّ قَرَأَ هَذِهِ الْآيَةَ: {وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ} [آل عمران: 135].

[صحيح] - [رواه أبو داود والترمذي والنسائي في الكبرى وابن ماجه وأحمد] - [سنن الترمذي: 406]
المزيــد ...

အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်ုပ်သည် ဤကဲ့သို့သောသူဖြစ်သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဟဒီးဆ်တော်တစ်ပုဒ်အားကြား နာရသောအခါ ထိုဟဒီးဆ်တော်မှ အကျိုးခံစားနိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်သည်မိမိအလိုရှိသည့်အတိုင်း ကျွန်ုပ်အားအကျိုးဖြစ်ထွန်းစေတော်မူ၏။ ကိုယ်တော်၏ ဆွဟာဗဟ်များအနက်မှ တစ်ဦးတစ်ယောက်သည် ကျွန်ုပ်အား ဟဒီးဆ်တော်တစ်ပုဒ်ဆင့်ပြန်ပါက ကျွန်ုပ်သည် ၎င်းအားကျိန်ဆိုစေသည်။ အကယ်၍ ၎င်းကကျွန်ုပ်အားကျိန်ဆိုပြလျှင် သူ့အားကျွန်ုပ်ထောက်ခံသည်။ အမှန်တကယ်ပင် အဗူဗက်ရ် (ရဿွိယလ္လာဟုအန်ဟု)သည် ကျွန်ုပ်အား ဟဒီးဆ်တော်တစ်ပုဒ် ဆင့်ပြန်ခဲ့သည်။ အဗူဗက်ရ် (ရဿွိယလ္လာဟုအန်ဟု)သည် အမှန်ကိုပင် ပြောကြားခဲ့သည်။ ၎င်းကပြောသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
“လူတစ်ဦးသည် အပြစ်အကုသိုလ်တစ်ခု ကျူးလွန်ပြီးနောက်(ဝုဿွူရေ) သန့်စင်မှုပြုလုပ်မည်။ ထို့နောက် ဆွလာသ်ဆောက်တည်မည်။ ၎င်းနောက်အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အပြစ်မှ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအားမုချ ခွင့်လွှတ်တော်မူမည်ဖြစ်သည်။” ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ရွတ်ဖတ်တော်မူခဲ့သည်။ (ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည်ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြသည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ (အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။) ကုရ်အာန် (၃:၁၃၅)

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - - [سنن الترمذي - 406]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ လူတစ်ဦးသည် အပြစ်အကုသိုလ်တစ်ခု ကျူးလွန်ပြီးနောက် ကောင်းမွန်စွာ (ဝုဿွူရေ) သန့်စင်မှုပြုလုပ်မည်။ ထို့နောက် ဤအပြစ်အကုသိုလ်မှ သောင်ဝ်ဗဟ် အမှားဝန်ချ တောင်းပန်မှုပြုရန် ရည်ရွယ်ချက်ဖြင့် ဆွလာသ်ဆောက်တည်မည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အပြစ်မှ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါက အလ္လာဟ်အရှင်မြတ် သည် ၎င်းအားမုချခွင့်လွှတ်တော်မူမည်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအာယသ်တော်ကို ရွတ်ဖတ်တော်မူသည်။ (ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည် ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြသည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိ ရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ(အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။ စင်စစ်သော် ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အပြစ်များမှ ချမ်းသာခွင့်ပေးနိုင်သောသူသည် အဘယ်သူနည်း။ တဖန် ယင်းသူတို့သည် မိမိတို့ ပြုလုပ်မိကြသော (ပြစ်မှုဒုစရိုက်များကို) ဇွတ်တိုး၍ မိမိတို့ကိုယ်တိုင်သိနားလည်ကြပါလျက်နှင့် လက်မလျှော့ဘဲ ပြုမြဲပြုနေခဲ့ကြသည်လည်း မဟုတ်ချေ။) ကုရ်အာန် (၃:၁၃၅)

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အပြစ်အကုသိုလ် ကျူးလွန်ပြီးနောက် ဆွလာသ်ဝတ်ပြုရန်၊ ထို့နောက် ခွင့်လွှတ်ချမ်းသာခွင့်တောင်းခံရန် ဟဒီးဆ်တော်၌ တိုက်တွန်းထားသည်။
  2. ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်ချမ်းသာ ပေးမှုသည် ကျယ်ဝန်းလှပြီး အရှင်မြတ်သည်‘သောင်ဝ်ဗဟ်’ အမှားဝန်ချတောင်းပန်ခြင်းနှင့် ‘အိစ်သိဂ်ဖာရ်’ လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံခြင်းတို့ကို လက်ခံတော်မူသည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি অরমো কন্নড় الولوف আজারী الأوزبكية الأوكرانية الجورجية المقدونية الخميرية الماراثية
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍