عن أنس بن مالك رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «كلُّ بني آدم خَطَّاءٌ، وخيرُ الخَطَّائِينَ التوابون».
[حسن] - [رواه الترمذي وابن ماجه والدارمي وأحمد]
المزيــد ...

အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အာဒမ်၏သားမြေးတိုင်းသည် အလွန်ပင် အမှားကျူးလွန်သူများဖြစ်ကြသည်။ ထိုသို့ အမှားကျူးလွန်သူတို့အနက် အကောင်းဆုံးသူမှာ အလွန်အမှားဝန်ချတောင်းပန်သူများပင် ဖြစ်ကြသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ - အိဗ်နုမာဂျဟ်ကျမ်း။

ရှင်းလင်းချက်

လူသားသည် အပြစ်နှင့် မကင်းပေ။ အဘယ်ကြောင့်ဆိုသော် လူသားတွင် အားအင်ချည့်နဲ့မှုသည် ပင်ကိုဗီဇအဖြစ်ရှိနေပြီး မိမိအရှင်မြတ်က အမိန့်ပေးထားသည့် အရာများကို နာခံခြင်းနှင့် တားမြစ်ထားသည့် အရာများကို ရှောင်ကြဉ်ခြင်းတို့တွင် လိုက်နာမှု မရှိသည့်အတွက်ဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအတွက် သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှု၏ တံခါးကို ဖွင့်ပေးထားပြီး ထိုသို့ အလွန်ပင်အမှားကျူးလွန်ကြသူများအနက် အကောင်းဆုံးသူသည် မြောက်မြားစွာ အမှားဝန်ချတောင်းပန်သူများပင် ဖြစ်ကြောင်း အသိပေးထားသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန်
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အမှားကျူးလွန်ခြင်းနှင့် အကုသိုလ်ထဲ၌ ကျရောက်ခြင်းတို့သည် လူသား၏ ပင်ကိုဗီဇပင်ဖြစ်သည်။ မုအ်မင်န်သည် အကုသိုလ်တစ်စုံတစ်ရာကို ကျူးလွန်မိပါက အလျင်အမြန် သောင်ဝ်ဗဟ်အမှားဝန်ချတောင်းပန်မှုပြုရန် တာဝန်ရှိသည်။
ထပ်၍