عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«حَقُّ الْمُسْلِمِ عَلَى الْمُسْلِمِ سِتٌّ» قِيلَ: مَا هُنَّ يَا رَسُولَ اللهِ؟، قَالَ: «إِذَا لَقِيتَهُ فَسَلِّمْ عَلَيْهِ، وَإِذَا دَعَاكَ فَأَجِبْهُ، وَإِذَا اسْتَنْصَحَكَ فَانْصَحْ لَهُ، وَإِذَا عَطَسَ فَحَمِدَ اللهَ فَسَمِّتْهُ، وَإِذَا مَرِضَ فَعُدْهُ وَإِذَا مَاتَ فَاتَّبِعْهُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2162]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရားခြောက်ရပ်ရှိသည်။" ထိုအခါ ဆွဟာဗဟ်တို့က လျှောက်ထားမေးမြန်းကြသည်မှာ - "အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းဝတ္တရားများကား အဘယ်နည်း" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- " အသင် သူနှင့်တွေ့ဆုံသောအခါ သူ့အား စလာမ်ဆိုပါ၊ သူသည် အသင့်အား ဖိတ်ကြားသောအခါ ထိုဖိတ်ကြားချက်ကို လက်ခံပါ၊ အသင့်ထံ အကြံဉာဏ်တောင်းခံလျှင် သူ့အား အကြံဉာဏ်ပေးပါ၊ သူ နှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား အဖြေပေးပါ၊ (ဆိုလိုသည်မှာ 'ယရ်ဟမုကလ္လာဟ်' ဟု ဆိုပါ)၊ သူဖျားနာသောအခါ အသင် သူ့အား လူမမာသွားရောက်မေးမြန်းကြည့်ရှုပါ၊ သူကွယ်လွန်သွားသောအခါ သူ၏ဂျနာဇာအား လိုက်ပါပို့ဆောင်ပါ။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2162]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် အခြား မိမိညီနောင်မွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရား ခြောက်ချက် ရှိသည်။ ၁။ သူနှင့် တွေ့ဆုံသည့်အခါ "အတ်စ်လာမုအလိုင်ကွမ်" ဟု စလာမ်ပြုရမည်။ တစ်ဖက်လူကလည်း "ဝအလိုင်ကုမွတ်စ်လာမ်" ဟု ပြန်လည်ဖြေကြားရမည်။ ၂။ ဝလီမဟ် စသည့်ဖိတ်ကြားချက်များကို လက်ခံခြင်း။ ၃။ သူသည် သင့်ထံမှ အကြံဉာဏ်တောင်းခံလာပါက လိမ်လည်လှည့်ဖျားခြင်းမှ ရှောင်ကြဉ်ကာ စစ်မှန်သော အကြံဉာဏ်ပေးခြင်း။ ၄။ သူနှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား 'ယရ်ဟမုကလ္လာဟ်' ဟု အဖြေပေးပါ၊ သူက "ရဟ်ဒီကုမုလ္လာဟု ဝရွတ်စ်လိဟ် ဘာလကွမ်" ဟု ပြန်အဖြေပေးရမည်။ ၅။ သူဖျားနာသောအခါ သူ့အား လူမမာသွားရောက်မေးမြန်းကြည့်ရှုခြင်း။ ၆။ သူကွယ်လွန်သွားသောအခါ သူ၏ ဂျနာဇာဆွလာသ်ကို ဝတ်ပြုခြင်းနှင့် ဒဖန်မြေမြုပ်ချိန်အထိ ဂျနာဇာအား လိုက်ပါပို့ဆောင်ခြင်း။