عَن أَبِي بُرْدَةَ بْنِ أَبِي مُوسَى رَضِيَ اللَّهُ عَنْهُ قَالَ:
وَجِعَ أَبُو مُوسَى وَجَعًا شَدِيدًا، فَغُشِيَ عَلَيْهِ وَرَأْسُهُ فِي حَجْرِ امْرَأَةٍ مِنْ أَهْلِهِ، فَلَمْ يَسْتَطِعْ أَنْ يَرُدَّ عَلَيْهَا شَيْئًا، فَلَمَّا أَفَاقَ، قَالَ: أَنَا بَرِيءٌ مِمَّنْ بَرِئَ مِنْهُ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، إِنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بَرِئَ مِنَ الصَّالِقَةِ وَالحَالِقَةِ وَالشَّاقَّةِ.
[صحيح] - [متفق عليه] - [صحيح البخاري: 1296]
المزيــد ...
အဗူဗုရ်ဒဟ် ဗင်န် အဗူမူဆာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အဘူမူဆာ (ရဿွိယလ္လာဟုအန်ဟု) သည် အလွန်အမင်း နာမကျန်းဖြစ်ခဲ့ကာ၊ သတိမေ့မြောသွားပြီး သူ၏ခေါင်းသည် မိသားစုဝင် အမျိုးသမီးတစ်ဦး၏ ရင်ခွင်၌ ရှိနေခဲ့သည်။ (ထိုအမျိုးသမီးက အော်ဟစ်ငိုကြွေးလေရာ) အဘူမူဆာ (ရဿွိယလ္လာဟုအန်ဟု) သည် သူမအားမည်သို့မျှ တားမြစ်နိုင်စွမ်းမရှိခဲ့ပေ။ ၎င်းသည် သတိပြန်ရလာသောအခါ ဤသို့ ပြောဆိုခဲ့သည် - "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိနှင့် မသက်ဆိုင်ကြောင်း ထုတ်ဖော်ခဲ့သူနှင့် ကျွန်ုပ်နှင့်လည်း မည်သို့မျှမသက်ဆိုင်ပါ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်
(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဒုက္ခနှင့် ကြုံတွေ့ရချိန်)အော်ဟစ်ငိုကြွေးသည့် အမျိုးသမီး၊ ဆံပင် ရိတ်ပစ်သည့် အမျိုးသမီး၊ အဝတ်ကို ဆုတ်ဖြဲပစ်သည့်အမျိုးသမီးတို့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထုတ်ဖော်တော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1296]
အဘူဗူရ်ဒဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်မှာ ၎င်း၏ဖခင် အဘူမူဆာ(ရဿွိယလ္လာဟုအန်ဟု) သည် အလွန်အမင်း နာမကျန်းဖြစ်ခဲ့ကာ၊ သတိမေ့မြောသွားပြီး သူ၏ခေါင်းသည် မိသားစုဝင် အမျိုးသမီးတစ်ဦး၏ ရင်ခွင်၌ ရှိနေခဲ့သည်။ ထိုအမျိုးသမီးသည် (သူ့ရောဂါအခြေအနေကို မြင်သောအခါ) အော်ဟစ်ငိုကြွေးကာ ပူဆွေးမြည်တမ်းလေသည်။ သူသည် သတိမေ့နေသောကြောင့် သူမအားမည်သို့မျှ တားမြစ်နိုင်စွမ်းမရှိခဲ့ပေ။ ၎င်းသည် သတိပြန်ရလာသောအခါ ဤသို့ ပြောဆိုခဲ့သည် - "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိနှင့် မသက်ဆိုင်ကြောင်း ထုတ်ဖော်ခဲ့သူနှင့် မိမိနှင့်လည်း မည်သို့မျှမသက်ဆိုင်ပါ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် - ၁။ ဆွာလိကဟ် - ဘေးဒုက္ခကျရောက်ချိန်တွင် အော်ဟစ်ငိုကြွေးတတ်သော အမျိုးသမီး။ ၂။ ဟာလိကဟ် - ဘေးဒုက္ခကျရောက်ချိန်တွင် ဆံပင်ကို ရိတ်ပစ်တတ်သော အမျိုးသမီး။ ၃။ ရှာက္ကာဟ် - ဘေးဒုက္ခကျရောက်ချိန်တွင် အဝတ်ကို ဆုတ်ဖြဲတတ်သော အမျိုးသမီးတို့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထုတ်ဖော်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းအပြုအမူများသည် ဂျာဟိလီယသ်(အမှောင်)ခေတ်၏ ဓလေ့များဖြစ်သောကြောင့် ဖြစ်သည်။ စင်စစ် ဘေးဒုက္ခများ ကျရောက်ချိန်တွင် သည်းခံမျိုသိပ်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်၌ အကျိုးခံစားခွင့်ကို မျှော်ကိုးရန် အမိန့်ပေးတော်မူထားသည်။