عَنْ عَائِشَةَ أُمِّ المؤْمنينَ رَضيَ اللهُ عنها قَالَتْ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي مَرَضِهِ الَّذِي لَمْ يَقُمْ مِنْهُ:
«لَعَنَ اللهُ الْيَهُودَ وَالنَّصَارَى، اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ» قَالَتْ: فَلَوْلَا ذَاكَ أُبْرِزَ قَبْرُهُ، غَيْرَ أَنَّهُ خُشِيَ أَنْ يُتَّخَذَ مَسْجِدًا.
المزيد
မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကွယ်လွန်ခါနီး နာမကျန်းဖြစ်စဉ်တွင် (ဤသို့)မိန့်ကြားတော်မူခဲ့သည်-
“ယဟူဒီများနှင့် နတ်စ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများ အဖြစ် ပြုလုပ်ခဲ့ကြသည်”။ သခင်မက ဆက်လက်မိန့်ကြားခဲ့သည်မှာ - အကယ်၍ ထိုသို့ သတိပေးတားမြစ်ခြင်းသာ မရှိခဲ့လျှင် (လူတို့သည်) တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကဗရ်ကိုလည်း ပေါ်လွင်ထင်ရှားစွာ ပြုလုပ်ထားကြလိမ့်မည်ဖြစ်သည်။သို့ရာတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကဗရ်အား စဂျ်ဒဟ်ဦးချရာနေရာ အဖြစ် ပြုလုပ်ကြမည်ကို စိုးရိမ်ခဲ့သည့်အတွက် (ပေါ်လွင်ထင်ရှားစွာ မပြုလုပ်ခဲ့ခြင်း ဖြစ်သည်။)