عَنْ عَبْدِ اللَّهِ بنِ مَسْعُودٍ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَيْسَ مِنَّا مَنْ لَطَمَ الخُدُودَ، وَشَقَّ الجُيُوبَ، وَدَعَا بِدَعْوَى الجَاهِلِيَّةِ».
[صحيح] - [متفق عليه] - [صحيح البخاري: 1294]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဒုက္ခအခက်အခဲများကြုံတွေ့သည့်အခါ မိမိပါးများကို ရိုက်ပုတ်သူ၊ အင်္ကျီရင်စများကို ဆွဲဖြဲသူ၊ ဂျာဟိလိယသ် အမိုက်ခေတ်က ကြွေးကြော်သလို ကြွေးကြော်သူတို့သည် ငါတို့အနက်မှ မဟုတ်ပေ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1294]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျာဟီလီယသ် အမိုက်ခေတ်မှလူတို့၏ အချို့သော အပြုအမူများမှ တားမြစ်ခဲ့ပြီး သတိပေးနှိုးဆော်ခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ- ( အောက်ပါ အချက်များကို ပြုလုပ်သူတို့သည် ) ငါကိုယ်တော်၏ အုပ်စုဝင်ထဲမှ မဟုတ်ပေ။
ပထမအချက်- ပါးကို ရိုက်ပုတ်ခြင်း။ ပါးကို သီးသန့်ဖော်ပြထားရခြင်းမှာ များသော
အားဖြင့် ထိုအခြေအနေမျိုးတွင် ပါးကိုသာ ရိုက်လေ့ရှိသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက မျက်နှာ၏ အခြားအစိတ်အပိုင်းများကို ရိုက်နှက်ခြင်းလည်း ဤတားမြစ်ချက်တွင် အကျုံးဝင်သည်။
ဒုတိယအချက်- အလွန်အမင်း သည်းမခံနိုင်ခြင်းကြောင့် အင်္ကျီရင်စကို စွဲဖြဲခြင်း။
တတိယအချက်မှာ - ဂျာဟီလီယသ်အမိုက်ခေတ်၏ ကြွေးကြော်မှုအတိုင်း ကြွေးကြော်ခြင်း။
ဥပမာ- "ပျက်စီးလေပြီ" "ကံဆိုးလေပြီ"စသည်ဖြင့် ညည်းညူခြင်း၊ အော်ဟစ်ငိုကြွေးခြင်း၊ သေသူအတွက် ကြာရှည်စွာ ငိုကြွေးသီဆိုခြင်း စသည်တို့ ပါဝင်သည်။