+ -

عن عائشة رضي الله عنها قالت:
سَأَلَ أُنَاسٌ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنِ الْكُهَّانِ، فَقَالَ لَهُمْ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَيْسُوا بِشَيْءٍ» قَالُوا: يَا رَسُولَ اللهِ، فَإِنَّهُمْ يُحَدِّثُونَ أَحْيَانًا بِالشَّيْءِ يَكُونُ حَقًّا، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «تِلْكَ الْكَلِمَةُ مِنَ الْحَقِّ يَخْطَفُهَا الْجِنِّيُّ فَيَقُرُّهَا فِي أُذُنِ وَلِيِّهِ قَرَّ الدَّجَاجَةِ، فَيَخْلِطُونَ فِيهَا أَكْثَرَ مِنْ مِائَةِ كَذْبَةٍ».

[صحيح] - [متفق عليه] - [صحيح البخاري: 6213]
المزيــد ...

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောပြခဲ့သည်။
လူတို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)အား နက္ခတ်ဗေဒင်အကြားအမြင်ဆရာများနှင့် ပတ်သက်၍ လျှောက် ထားမေးမြန်းခဲ့ကြရာ ကိုယ်တော်က ၎င်းတို့သည် ဘာမှမဟုတ်ချေဟု ဖြေကြားတော်မူသည်။ ထိုအခါ လူတို့က အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် တစ်ခါတစ်ရံ ၎င်းတို့သည် ကျွန်တော်တို့အား တစ်စုံတစ်ရာ ပြောကြားလိုက်ရာ ထိုကိစ္စသည်အမှန်ဖြစ်နေပါသည်ဟု လျှောက်ထားကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - ထိုမှန်ကန်သည့်စကားသည် ဂျင်န်က (ကောင်းကင်တမန်များထံမှ) အလျင်အမြန်သုတ်ယူလာပြီး မိမိ၏မိတ်ဆွေ (နက္ခတ်ဗေဒင်အကြားအမြင်ဆရာ)၏နားထဲသို့ ကြက်မတစ်ကောင်၏အသံကဲ့သို့ ပြောကြားလိုက်သည့် စကားသာဖြစ်သည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုစကားအား မုသားစကား တစ်ရာဖြင့် ရောထွေးလိုက်ကြသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6213]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အနာဂတ်တွင်ဖြစ်လာမည့် အကွယ်အကြောင်းအရာများကို ဟောကြားသူများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရသည်။ ထိုအခါ ကိုယ်တော်က အသင်တို့သည် ၎င်းတို့ကို ဂရုမစိုက်ကြလေနှင့်။ သူတို့၏စကားကို နားမထောင်ကြလေနှင့်။ သူတို့၏ကိစ္စကို အရေးမစိုက်ကြလေနှင့်ဟု ဖြေကြားခဲ့သည်။
ထိုအခါ မေးမြန်းသူများက ၎င်းတို့၏စကားသည် တစ်ခါတစ်ရံတွင် အဖြစ်မှန်နှင့် ကိုက်ညီသည်လည်း ရှိပါသည်။ အကယ်၍ ၎င်းတို့က အကွယ်ရှိကိစ္စရပ်တစ်ခုအား မည်သည့်လ၊ မည့်သည့်နေ့တွင် ဖြစ်မည်ဟု အသိပေးပြောကြားလိုက်ရာ ထိုကိစ္စသည် ၎င်းတို့စကားအတိုင်း ဖြစ်လာခဲ့သည်ဟု လျှောက်ထားခဲ့ကြသည်။
ထိုအခါ ကို‌ယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဂျင်န်များသည် မိုးကောင်းကင်မှကြားရသော စကားကို အလျင်အမြန်သုတ်ယူလာကာ မိမိ၏မိတ်ဆွေ နက္ခတ်ဗေဒင်အကြားအမြင်ဆရာများထံ ဆင်းလာကြပြီး သူတို့ကြားခဲ့သမျှကို ၎င်းတို့အား သတင်းပေးကြသည်။ ၎င်းနောက် ထိုနက္ခတ်ဗေဒင်အကြားအမြင်ဆရာက သူနားထောင်ခဲ့သည့် မိုးကောင်းကင်သတင်း၌ မုသားစကားတစ်ရာ ထပ်ထည့်လိုက်ကြသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နက္ခတ်ဗေဒင်အကြားအမြင်ဆရာများကို ထောက်ခံခြင်းအား တားမြစ်ထားသည်။ ၎င်းတို့ ပြောကြားသည့် အရာသည် တစ်ခါတစ်ရံ မှန်ကန်မှုရှိလျှင်လည်း ထိုအကြောင်းအရာသည် မုသားနှင့် လုပ်ကြံဖန်တီးထားမှုသာဖြစ်သည်။
  2. တမန်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်) နဗီဖြစ်သည့်အခါ မိုးကောင်းကင်သည် ရှိုင်သွာန်များက ဝဟီနှင့် အခြားကိစ္စများကို နားထောင်ခြင်းမှ ကာကွယ်စောင့်ရှောက်ခြင်းခံရသည်။ သို့သော် မီးတောက်နေသည့် ကြယ်များဖြင့် ပစ်ပေါက်ခံရခြင်းမှ လွတ်သွားသူသာ အနည်းအကျဥ်းခိုးနားထောင်၍ ရသွားခြင်းဖြစ်သည်။
  3. ဂျင်န်တို့သည် အချို့လူသားများကို ၎င်းတို့၏ မိတ်ဆွေများအဖြစ် သတ်မှတ်ကြသည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ কন্নড় الولوف البلغارية আজারী الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍