عن أنس رضي الله عنه قال:
كُنَّا عِنْدَ عُمَرَ فَقَالَ: «نُهِينَا عَنِ التَّكَلُّفِ».

[صحيح] - [رواه البخاري] - [صحيح البخاري: 7293]
المزيــد ...

အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။
ကျွန်ုပ်တို့သည် ဟန်ဆောင်မှုပြုခြင်းမှ တားမြစ်ခြင်းခံရသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 7293]

ရှင်းလင်းချက်

အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိတို့အား စကားဖြစ်စေ၊ လုပ်ရပ်ဖြစ်စေ မလိုအပ်ဘဲ ခက်ခဲအောင်ပြုခြင်းမှတားမြစ်တော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တားမြစ်ထားသော ဟန်ဆောင်မှုပြုခြင်းမှာ - အမေးအမြန်းထူခြင်း၊ မိမိ မသိသည့်အရာကို သိချင်ယောင်ဆောင်ခြင်း၊ အလ္လာဟ်အရှင်မြတ်က လွယ်ကူမှုပေးထားသောကိစ္စရပ်ကို ခက်ခဲအောင်လုပ်ခြင်း စသည်တို့ဖြစ်သည်။
  2. မွတ်စ်လင်မ်သည် အပြောအဆို၌ဖြစ်စေ၊ လုပ်ရပ်၌ဖြစ်‌စေ၊ စားခြင်း၊ သောက်ခြင်း၊ စကားပြောခြင်းနှင့် အခြေအနေအရပ်အရပ်တွင် ဟန်ဆောင်မှု ၊ခက်ခဲမှုမပါဘဲ လွယ်ကူမှုကို ဖန်တီးပေးတတ်သော အကျင့်မျိုးကို မွေးသင့်သည်။
  3. အစ္စလာမ်သာသနာသည် လွယ်ကူသော သာသနာဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (62)
ထပ်၍