عن عمر رضي الله عنه قال: نُهِيَنا عن التَّكَلُّف.
[صحيح] - [رواه البخاري]
المزيــد ...
အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။ ကျွန်ုပ်တို့သည် ဟန်ဆောင်မှုပြုခြင်းမှ တားမြစ်ခြင်းခံရသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။]
ဤဩဝါဒတော်တွင် အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ၎င်းတို့သည် “ဟန်ဆောင်မှုပြုခြင်းမှ တားမြစ်ခြင်းခံရကြောင်း” တင်ပြထားသည်။ တားမြစ်သူသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)ပင်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဆွဟာဗဟ် သာဝကများက "ကျွန်ုပ်တို့ တားမြစ်ခြင်းခံရသည်။”ဟု ပြောကြားခဲ့လျှင် ဤသည် တမန်တော်မြတ် မိန့်ကြားခြင်းပင်ဖြစ်သည်ဟု သတ်မှတ်ရမည်။ အုမရ် (ရဿွိယလ္လာဟုအန်ဟု)က အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့ကို ဟန်ဆောင်မှုပြုခြင်းမှ တားမြစ်တော်မူခဲ့သည် ဟူ၍ ဆိုလိုခြင်းပင်ဖြစ်သည်။ “သကလ်လုဖ်” ဟန်ဆောင်ခြင်း ဆိုသည်မှာ လူတစ်ဦးသည် လုပ်ရပ်၌ဖြစ်စေ၊ စကား၌ဖြစ်စေ မိမိ၌အမှန်တကယ် မရှိသည့်အရာကို ရှိသယောင်အခြားသူများရှေ့၌ ထုတ်ဖော်ပြခြင်းကိုခေါ်သည်။ စကား၌ သကလ်လုဖ် ပြုခြင်း၏ ဥပမာမှာ အမေးအမြန်းထူခြင်း၊ ရှရီအဟ်တရားတော်၌ ပေါ်လွင်ထင်ရှားနေသည့် အဓိပ္ပါယ်အတိုင်းလက်ခံရမည့်အစား လေ့လာစူးစမ်းရန် မလိုအပ်သော ရှင်းလင်းစွာမရှိသည့် အရာများကို လေ့လာရှာဖွေခြင်းတို့ဖြစ်သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်။ ကျွန်ုပ်တို့သည် အုမရ်(ရဿွိယလ္လာဟုအန်ဟု)ထံ၌ ရှိနေခဲ့ကြပြီး သူသည် ကျောကုန်း၌ အဖာလေးခုပါရှိသည့် အဝတ်ကို ဝတ်ဆင်ထားသည်။ သူသည် အာယသ်တော် (وَفَاكِهَةً وَّاَبًّا) (ကုရ်အာန် ၈၀:၃၁)ကို ရွတ်ဖတ်ခဲ့ပြီးနောက် ပြောကြားသည်မှာ (وَفَاكِهَةً) သစ်သီးဝလံများ ဟူသည့် အဓိပ္ပါယ်ကို ကျွန်ုပ်တို့သိကြသည်။ (وَأَبًّا) “အဗ္ဗာ”ဟူသည် အဘယ်အရာဆိုသည်ကို မသိကြပါ။ ထို့နောက် မိန့်ကြားသည်မှာ- ကျွန်ုပ်တို့သည်(သကလ်လုဖ်) ဟန်ဆောင်မှုပြုခြင်းမှ တားမြစ်ခြင်းခံရသည်။လုပ်ရပ်၌ သကလ်လုဖ် ပြုခြင်း၏ ဥပမာမှာ မိမိထံ တည်းခိုသည့် ဧည့်သည်အတွက်တတ်နိုင်သည်ထက် ပို၍ ဧည့်ခံမှုပြုကာ မိမိကိုယ်မိမိ ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ထိုသို့ လုပ်ဆောင်မှုက သူ့အား အကြွေးတင်စေပြီး တစ်ခါတစ်ရံတွင် အကြွေးပြန်မဆပ်နိုင်သဖြင့် လောကီ၊လောကုတ္တရာ နှစ်ဌာနစလုံး၌ မိမိကိုယ်မိမိ ထိခိုက်နစ်နာမှုထဲသို့ ကျရောက်စေသည်။ ထို့ကြောင့် မွတ်စ်လင်မ်တိုင်းသည် ကိစ္စတိုင်း၌ ဟန်ဆောင်ခြင်းကို ရှောင်ကြဉ်ရမည်။ ထို့ပြင် ကိစ္စတိုင်းတွင် ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လမ်းစဉ်အတိုင်း အလယ်အလတ်ကိုသာ ကျင့်သုံးရမည်။ ကိုယ်တော်သည် ရှိနေသည့်အရာကို ချုပ်ကိုင်ထားခြင်းမရှိသလို မရှိသည့်အရာကိုလည်း ရှိသယောင် ဟန်ဆောင်ခြင်းမရှိပေ။