عن ابن عمر رضي الله عنهما:
أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ نَهَى عَنِ الْقَزَعِ.

[صحيح] - [متفق عليه] - [صحيح البخاري: 5921]
المزيــد ...

အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (ကဇအ်) ဆံပင်တချို့ကိုရိတ်ပြီး တချို့ကိုမရိတ်ဘဲထားခြင်းကို တားမြစ်တော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5921]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကလေး ဦးခေါင်းရှိ ဆံပင်တချို့ကိုရိတ်ပြီး တချို့ကိုမရိတ်ဘဲ ချန်ထားခြင်းကို တားမြစ်ခဲ့တော်မူခဲ့သည်။
ဤတားမြစ်ချက်သည် လူကြီး‌၊ လူငယ်မရွေး အမျိုးသားအားလုံးနှင့်သက်ဆိုင်သည်။ အမျိုးသမီးများသည် ဆံပင်ရိတ်ခွင့်မရှိပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အစ္စလာမ့် ရှရီအဟ်တရားတော်သည် လူသား၏ အပြင်ပိုင်း ပုံပန်းသဏ္ဍာန်ကိုလည်း အလေးထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (62)
ထပ်၍