عن أبي هريرة رضي الله عنه قال:
لعن رسول الله صلى الله عليه وسلم الرجل يلبس لِبْسَةَ المرأة، والمرأة تلبس لِبْسَةَ الرجل.

[صحيح] - [رواه النسائي في الكبرى وابن ماجه بمعناه وأحمد] - [السنن الكبرى للنسائي: 9209]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်( ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသမီးနှင့်တူအောင်ဝတ်ဆင်သောအမျိုးသားနှင့် အမျိုးသားနှင့်တူအောင် ဝတ်ဆင်သောအမျိုးသမီးအား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးပါစေဟု လအ်နသ်ပို့ခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه النسائي في الكبرى وابن ماجه بمعناه وأحمد] - [السنن الكبرى للنسائي - 9209]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသမီးများနှင့် သီးသန့်သက်ဆိုင်သော ၀တ်စားဆင်ယင်မှုများ ဥပမာ - ဟန်ပန်၊ အရောင်၊ ပုံစံ၊ ၀တ်စားဆင်ယင်မှုနည်းလမ်း၊ အလှဆင်မှုတို့ကို လိုက်လံတုပဝတ်ဆင်သည့် အမျိုးသားတိုင်း၊ သို့မဟုတ် အမျိုးသားများနှင့် သီးသန့်သက်ဆိုင်သော ၀တ်စားဆင်ယင်မှုကို လိုက်လံတုပဝတ်ဆင်သည့် အမျိုးသမီးတိုင်း အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်မှ နှင်ထုတ်ခံရစေရန်နှင့် ဝေးကွာစေရန်အတွက် ဒုအာပြုတော်မူခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် ကြီးလေး သောအပြစ်အကုသိုလ်များအနက် တစ်ခုဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာမဟ်ရှောင်ကာနီက ဤသို့ဆိုသည်- အမျိုးသားများက အမျိုးသမီးများနှင့် အမျိုးသမီးများက အမျိုးသားများနှင့် လိုက်လံတုပခြင်းသည် ဟရာမ်တားမြစ်ထားသည်။ အကြောင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လအ်နသ်ကျိန်ဆဲခြင်းသည် ဟရာမ်ဖြစ်သောအရာအတွက်သာ ဖြစ်သောကြောင့်တည်း။
  2. ရှိက်ခ် အိဗ်နုအုဆိုင်မီးန်က ဤသို့ဆိုသည်- အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးစလုံး ဝတ်ဆင်လေ့ရှိသော ဘုံအသုံးအဆောင်ပစ္စည်းများ (ဥပမာ-အချို့သော ဖင်နလ်အင်္ကျီအမျိုးအစားများ) ကိုမူ နှစ်ဦးစလုံး ဝတ်ဆင်ခြင်းသည် ပြဿနာမရှိပေ။ အကြောင်းမှာ ၎င်းသည် အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးစလုံး ဝတ်ဆင်ခွင့်ရှိသော အမျိုးအစား ဖြစ်သောကြောင့် ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (44)
ထပ်၍