عَنْ أَبِي سَعِيدٍ الْخُدْرِيِّ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَتَتَّبِعُنَّ سَنَنَ الَّذِينَ مِنْ قَبْلِكُمْ، شِبْرًا بِشِبْرٍ، وَذِرَاعًا بِذِرَاعٍ، حَتَّى لَوْ دَخَلُوا فِي جُحْرِ ضَبٍّ لَاتَّبَعْتُمُوهُمْ» قُلْنَا: يَا رَسُولَ اللهِ آلْيَهُودَ وَالنَّصَارَى؟ قَالَ: «فَمَنْ؟».
[صحيح] - [متفق عليه] - [صحيح مسلم: 2669]
المزيــد ...
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အသင်တို့သည် မုချဧကန် မိမိတို့မတိုင်မီ ရှိခဲ့ကြသောသူတို့၏ လမ်းစဉ်ကို လိုက်ကြလိမ့်မည်။ တစ်ထွာချင်း တစ်ထွာချင်း၊ တစ်တောင်ချင်း တစ်တောင်ချင်း ( ထပ်တူထပ်မျှ ဖဝါးခြေထပ်) လိုက်ကြလိမ့်မည်။ ထိုသူတို့သည် ဖွတ်တွင်းထဲသို့ ဝင်ခဲ့ကြလျှင်ပင် အသင်တို့သည် ထိုတွင်းထဲသို့ လိုက်ဝင်ကြပေလိမ့်မည်။'' ထိုအခါ ကျွန်ုပ်တို့က ''အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ထိုသူတို့ဆိုသည်မှာ) ယဟူဒီ (ဂျူး)များနှင့် နစ်ွရာနီ(ခရစ်ယာန်)များကို ဆိုလိုခြင်းဖြစ်ပါသလား''ဟု မေးမြန်းလျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က '' ( ၎င်းတို့မဟုတ်ရင် ) အခြားမည်သူဖြစ်မည်နည်း'' ဟု မိန့်ကြားတော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2669]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ နောက်ပိုင်းကာလတွင် မိမိ၏အွမ္မသ်သားများအနက် အချို့၏အခြေအနေသည် ယဟူဒီများနှင့် နစ်ွရာနီများ၏ ယုံကြည်ချက်များ၊ လုပ်ရပ်များ၊ ထုံးတမ်း စဉ်လာများနှင့် ဓလေ့ထုံးတမ်းများကို တစ်ထွာချင်း တစ်ထွာချင်း၊ တစ်တောင်ချင်း တစ်တောင်ချင်း ( ထပ်တူ ထပ်မျှ ဖဝါး ခြေထပ်) လိုက်ကြလိမ့်မည်ဖြစ် ကြောင်း၊ နောက် ဆုံး ထိုသူတို့သည် ဖွတ်တွင်းထဲသို့ ဝင်ခဲ့ကြလျှင်ပင် ၎င်း ( မွတ်စ်လင်မ် ) တို့သည် ထိုတွင်းထဲသို့ ထိုသူတို့၏ အနောက်မှ လိုက်ဝင်ကြပေလိမ့်မည်ဖြစ်ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။