عَن عَائِشَةَ أُمِّ المؤْمِنين رضي الله عنها زَوْجَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ حَدَّثَتْهُ قَالَتْ:
جَاءَتْنِي امْرَأَةٌ مَعَهَا ابْنَتَانِ تَسْأَلُنِي، فَلَمْ تَجِدْ عِنْدِي غَيْرَ تَمْرَةٍ وَاحِدَةٍ، فَأَعْطَيْتُهَا فَقَسَمَتْهَا بَيْنَ ابْنَتَيْهَا، ثُمَّ قَامَتْ فَخَرَجَتْ، فَدَخَلَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَحَدَّثْتُهُ، فَقَالَ: «مَنْ يَلِي مِنْ هَذِهِ البَنَاتِ شَيْئًا، فَأَحْسَنَ إِلَيْهِنَّ، كُنَّ لَهُ سِتْرًا مِنَ النَّارِ».

[صحيح] - [متفق عليه] - [صحيح البخاري: 5995]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ဇနီးကြင်ယာတော်၊ မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
အမျိုးသမီးတစ်ဦးဟာ သူမရဲ့သမီးလေးနှစ်‌ ယောက်နှင့်အတူ ကျွန်မထံ တောင်းရမ်းဖို့ ရောက်ရှိလာတယ်။ ထိုအချိန်၌ ကျွန်မထံမှာ စွန်ပလွံသီးတစ်လုံးမှအပ တခြားဘာမှမရှိပေ။ သို့ရှိရာ ကျွန်မက ထိုစွန်ပလွံသီးတစ်လုံးကိုပဲ သူမကို ပေးလိုက်တယ်။ ထိုအမျိုးသမီးသည် စွန်ပလွံသီးကို သူမ၏သမီးနှစ်ယောက်ကြားတွင် ခွဲဝေပေးခဲ့ပြီး မိမိကိုယ်တိုင် စားသုံးခြင်း မပြုခဲ့ပေ။ ထို့နောက် ထကာ ပြန်လည်ထွက်ခွာသွားခဲ့တယ်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်မထံ ကြွမြန်းလာတယ့်အခါ ကျွန်မက ဖြစ်စဉ်ကို လျှောက်ထားတင်ပြခဲ့ရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့မိန့်ကြားတော်မူခဲ့တယ်။ မည်သူမဆို ဒီသမီးမိန်းကလေးတွေ ကြောင့် စမ်းသပ်မှု ( ဘေးဒုက္ခ ) တစ်စုံတစ်ရာ ကြုံတွေ့ခဲ့လျှင် ၎င်းအဖို့ ထိုသမီးမိန်းကလေးများသည် ဂျဟန္နမ်ငရဲမီးမှ ( ကာကွယ်ပေးမည့် ) အကာအကွယ်ဖြစ်သွားပေလိမ့်မည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5995]

ရှင်းလင်းချက်

မိခင်မွန်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က တင်ပြခဲ့သည်မှာ- အမျိုးသမီးတစ်ဦးသည် သူမ၏ သမီးနှစ်ယောက်နှင့်အတူ အစားအစာတောင်းရန် သူမ၏ထံသို့ ရောက်လာခဲ့သည်။ ထိုအချိန်၌ အာအိရှဟ်သခင်မထံတွင် စွန်ပလွံသီးတစ်လုံးတည်းသာ ရှိခဲ့သည်။ သခင်မသည် ယင်းစွန်ပလွံသီးကို ထိုအမျိုးသမီးအား ပေးခဲ့သည်။ ထိုအမျိုးသမီးသည် စွန်ပလွံသီးကို သူမ၏သမီးနှစ်ယောက်ကြားတွင် ခွဲဝေပေးခဲ့ပြီး မိမိကိုယ်တိုင် စားသုံးခြင်း မပြုခဲ့ပေ။ ထို့နောက် ထကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဝင်ရောက်လာသောအခါ အာအိရှဟ်သခင်မက ဖြစ်စဉ်ကို ပြန်လည်ပြောပြခဲ့ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့မိန့်ကြားတော်မူခဲ့သည်။ မည်သူမဆို ဤသမီးမိန်းက‌လေးများထံမှ တစ်စုံတစ်ရာ (စောင့်ရှောက်ရန် တာဝန်) ကို ရရှိခဲ့ပါက၊ သူမတို့အား ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ကောင်းမွန်စွာပြုစုပျိုးထောင်ခြင်း၊ ကျွေးမွေးခြင်း၊ သောက်သုံးစေခြင်း၊ ဝတ်စားဆင်ယင်ပေးခြင်းနှင့် ထိုကိစ္စရပ်များကို သည်းခံစွာ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ပါက၊ ထိုသမီးမိန်းက‌လေးများသည် ၎င်းအတွက် ငရဲမီးမှ ကာကွယ်ပေးသော အကာနှင့် အတားအဆီးဖြစ်ကြပေမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သမီးမိန်းကလေးများအားစောင့်ရှောက်ခြင်းနှင့် သူတို့အတွက် ကြိုးပမ်းအားထုတ်ခြင်းသည် ငရဲမီးမှ ကာကွယ်ပေးသော အကောင်းဆုံးအမလ်ကျင့် ဆောင်မှုများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။
  2. လူသားသည် မိမိတတ်စွမ်းနိုင်သမျှ နည်းပါးစေကာမူ စွဒ်ကဟ်အလှူဒါနပြုလုပ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်ခြင်း။
  3. မိဘများ၏
  4. သားသမီးများအပေါ် ထားရှိသော အလွန်ကြီးမားသော ကရုဏာတရား။
  5. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အိမ်ထောင်စုဘဝ အခြေအနေအရပ်ရပ်ကို ဖော်ပြထားပြီး၊ ကိုယ်တော်မြတ်၏ရိက္ခာမှာ လုံလောက်ရုံသာရှိခဲ့သည်။
  6. မိမိကိုယ်ထက် အခြားသူကိုပို၍ ဦးစားပေးခြင်း၏ အကျိုးကျေးဇူးထွတ်မြတ်မှုနှင့် ယင်းသည် မုအ်မင်န် ယုံကြည်သူများ၏ အချင်းလက္ခဏာရပ်များထဲမှ တစ်ခုဖြစ်ကြောင်း ရှင်းလင်းဖော်ပြခြင်း။ မိခင်မွန်ကြီး အာအိရှဟ်သခင်မသည် မိမိကိုယ်တိုင် အလွန်အမင်းလိုအပ်ချက်ရှိနေသော်လည်း သူဆင်းရဲ အမျိုးသမီးနှင့် သူမ၏သမီးလေးနှစ်ယောက်အား ဦးစားပေးခဲ့ခြင်းသည် သူမ၏ ရက်ရောမှုနှင့် ကြီးမြတ်သောကိုယ်ကျင့်တရားကို ဖော်ပြနေသည်။
  7. သမီးမိန်းကလေးများရရှိခြင်းကို စမ်းသပ်မှုတစ်ရပ်အဖြစ် ခေါ်ဆိုထားခြင်းမှာ ၎င်းတို့ကို ပြုစုစောင့်ရှောက်ရာတွင် ခက်ခဲမှုများနှင့် ပင်ပန်းမှုများ ရှိသောကြောင့်၊ သို့တည်းမဟုတ် လူအချို့က သမီးမိန်းကလေးများကို မနှစ်သက်သောကြောင့်၊ သို့တည်းမဟုတ် သူမတို့အတွက် ဝင်ငွေရှာဖွေရန် နည်းလမ်းများ မရှိခြင်းကြောင့် ဖြစ်သည်။
  8. အစ္စလာမ်သာသနာသည် ဂျာဟီလီယသ်အမိုက်‌ခေတ်၏ ယုတ်ညံ့သော ထုံးတမ်းစဉ်လာများကို အမြစ်ဖြတ်ရန် ပွင့်ပေါ်လာခဲ့ပြီး ယင်းထဲမှ တစ်ခုမှာ သမီးမိန်းက‌လေးများအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန် တိုက်တွန်းခြင်း ဖြစ်သည်။
  9. အချို့ဆင့်ပြန်ချက်များတွင် ဖော်ပြထားသည့်အတိုင်း ဤဆုလာဘ်အား သမီးမိန်းက‌လေးတစ်ယောက်တည်းကို စောင့်ရှောက်ခြင်းဖြင့်လည်း ရရှိနိုင်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (35)
ထပ်၍