+ -

عن عبد الله بن عمر رضي الله عنهما مرفوعاً: "من حلف بغير الله قد كفر أو أشرك"
[صحيح] - [رواه الترمذي وأبو داود وأحمد]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် ကစမ်ကျိန်ဆိုခဲ့လျှင် ထိုသူသည် (ကုဖ်ရ်) သွေဖည်ငြင်းပယ်မှု သို့မဟုတ် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှု ပြုခြင်းဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - သိရ်မိဇီကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤဟဒီးဆ်တော်တွင် တားမြစ်ထားသည့် ကိစ္စရပ်တစ်ခုအား တင်ပြထားသည်။ ၎င်းမှာ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားအဖန်ဆင်းခံ တစ်စုံတစ်ရာဖြင့် ကစမ်ကျိန်ဆိုခဲ့လျှင် ၎င်းသူသည် ထိုကျိန်ဆိုခြင်းခံရသည့်အရာအား အလ္လာဟ်အရှင်မြတ်နှင့်တန်းတူယှဉ်တွဲကိုးကွယ်ရာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်အား သွေဖည်ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာအား တိုင်တည်၍ ကျိန်ဆိုခြင်းသည် ထိုအရာအားကြီးကျယ်မြင့်မြတ်ကြောင်း သတ်မှတ်လိုက်ခြင်းပင်ဖြစ်သည်။ ကြီးကျယ်မြင့်မြတ်မှု အစစ်အမှန်သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်း အတွက်သာလျှင်ဖြစ်သည်။ ထို့ကြောင့်ပင် အလ္လာဟ်အရှင်မြတ်ဖြင့်သာ ကျိန်ဆိုရမည် သို့မဟုတ် အရှင်မြတ်၏ ဂုဏ်တော်များအနက်မှ ဂုဏ်တော်တစ်ပါးပါးဖြင့်သာ ကျိန်ဆိုရမည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية القيرقيزية النيبالية اليوروبا الليتوانية الدرية الصومالية الطاجيكية الكينياروندا الرومانية المجرية التشيكية المالاجاشية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် ကစမ်ကျိန်ဆိုခြင်းအားတားမြစ်ထားသည်။ ထိုသို့ကျိန်ဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်အား ယှဉ်တွဲကိုးကွယ်ခြင်းနှင့် သွေဖည်ငြင်းပယ်ခြင်းဖြစ်သည်။
  2. ကျိန်ဆိုမှုဖြင့် ကြီးကျယ်မြင့်မြတ်ကြောင်း ဖော်ထုတ်ခြင်းသည် ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးသာဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်ဖြင့်သာ ကျိန်ဆိုရမည်။
  3. အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာဖြင့် ကိုင်တွယ်ကျိန်ဆိုသည့်အတွက် (ကဖ္ဖာရဟ်) အပြစ်ဖြေရန် တာဝန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ကျိန်ဆိုခြင်းအတွက် (ကဖ္ဖာရဟ်) အပြစ်ဖြေရန် ဖော်ပြထားခြင်းမရှိပေ။ ၎င်းအတွက် (သောင်ဗဟ်) အမှားဝင်ခံခြင်းနှင့် (အိစ်သိဂ်ဖာရ်) ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံခြင်းသာပြုရမည်။
  4. အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် ကစမ်ကျိန်ဆိုခြင်းသည် ရှိရ်က် အဆ်ွဂရ်(အစ္စလာမ့်ဘောင်အပြင်သို့ မရောက်သည့် ရှိရ်ှက်အမျိုးအစား) ဖြစ်သည်။ ရှိရ်က် အက်ဗရ်(အစ္စလာမ့်ဘောင်အပြင်သို့ ရောက်သည့် ရှိရ်ှက်အမျိုးအစား)ဟူ၍လည်း အဆိုလာရှိသည်။ အမှန်ကန်ဆုံးအဆိုမှာ ရှိရ်က် အဆ်ွဂရ်(အစ္စလာမ့်ဘောင်အပြင်သို့ မရောက်သည့် ရှိရ်ှက်အမျိုးအစား)သာဖြစ်ပြီး ဤအဆိုအပေါ်တွင် ပညာရှင်အများစု ရပ်တည်ကြသည်။
ထပ်၍