عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَا تَدْخُلُونَ الْجَنَّةَ حَتَّى تُؤْمِنُوا، وَلَا تُؤْمِنُوا حَتَّى تَحَابُّوا، أَوَلَا أَدُلُّكُمْ عَلَى شَيْءٍ إِذَا فَعَلْتُمُوهُ تَحَابَبْتُمْ؟ أَفْشُوا السَّلَامَ بَيْنَكُمْ».

[صحيح] - [رواه مسلم] - [صحيح مسلم: 54]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့သည် မုအ်မင်န် မဖြစ်သေးသမျှ ကာလပတ်လုံး ဂျန္နသ်သို့ဝင်ရောက်ရမည်မဟုတ်။ အသင်တို့အချင်းချင်း ချစ်ခင်မှုမရှိသေးသမျှကာလပတ်လုံး မုအ်မင်န်ဖြစ်မည်မဟုတ်။ ငါကိုယ်တော် အသင်တို့အားကိစ္စတစ်ခုကို မညွှန်ပြပေးရဘူးလား။ ထိုကိစ္စကို ပြုလုပ်ခြင်းဖြင့် အသင်တို့အချင်းချင်း ချစ်ခင်မှုရကြလိမ့်မည်။ ၎င်းမှာ အသင်တို့ကြား၌ စလာမ်များများပေးကြပါ။

[صحيح] - [رواه مسلم] - [صحيح مسلم - 54]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မုအ်မင်န်များသာ လျှင် ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်းနှင့် မွတ်စ်လင်မ်အချင်း ချင်း ချစ်ခင်မှု မရှိသေးသမျှ အီမာန်လည်း ပြည့်ဝနိုင်မည် မဟုတ်သလို မွတ်စ်လင်မ်လူ့အဖွဲ့အစည်း၏ အခြေအနေသည်လည်း ကောင်းမွန်လာမည် မဟုတ်ကြောင်း ရှင်းပြတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ချစ်ခင်မှုရရှိစေမည့် အကောင်းဆုံးကိစ္စကို ညွှန်ပြတော်မူခဲ့သည်။ ထိုကိစ္စမှာ မွတ်စ်လင်များကြား၌ စလာမ်များများပေးခြင်းဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် စလာမ်ပေးခြင်းကို မိမိ၏ကျေးကျွန်များအတွက် နှုတ်ခွန်းဆက်စကားအဖြစ် ပြုလုပ်ပေးထားသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အီမာန်ရှိမှသာ ဂျန္နသ်သို့ဝင်ရောက်ရမည် ဖြစ်သည်။
  2. မွတ်စ်လင်မ်တစ်ဦးသည် မိမိအတွက်နှစ်သက်သည့်အရာကို မိမိညီနောင်အတွက်နှစ်သက်ခြင်းသည် အီမာန်ပြည့်ဝမှုတွင် ပါဝင်သည်။
  3. စလာမ်ပေးခြင်းသည် လူသားများကြား၌ချစ်ခင်မှု၊ ငြိမ်းချမ်းမှုကို ဖြန့်ချိပေးသောကြောင့် မွတ်စ်လင်မ်များအား စလာမ်များများပေးခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
  4. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဟဒီးဆ်‌တော်၌ ‘အသင်တို့ကြား၌ ’ ဟုသုံးနှုံးထား‌သောကြောင့် မွတ်စ်လင်မ်များကိုသာ စလာမ်ပေးရမည်။
  5. စလာမ်ပေးခြင်းဖြင့် အဆက်ဖြတ်ခြင်း၊ စွန့်လွှန်ခြင်း၊ ရန်ငြိုးထားခြင်းများ ပပျောက်သွားမည်။
  6. မွတ်စ်လင်မ်အချင်းချင်း ချစ်ခင်မှုရှိရန် အရေးကြီးသည်။ ချစ်ခင်မှုရှိခြင်းသည် အီမာန်ပြည့်ဝမှုတွင် ပါဝင်သည်။
  7. အခြားဟဒီးဆ်၌လာရှိသည်မှာ ပြည့်စုံသည့် စလာမ်‌ ပေးရမည့်ပုံစံမှာ "السلام عليكم ورحمة الله وبركاته" ဖြစ်ပြီး "السلام عليكم" ဟု စလာမ်ပေးခြင်းဖြင့် လည်း လုံလောက်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (56)
ထပ်၍