عَنْ أَنَسِ بْنِ مَالِكٍ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ عَالَ جَارِيَتَيْنِ حَتَّى تَبْلُغَا جَاءَ يَوْمَ الْقِيَامَةِ أَنَا وَهُوَ» وَضَمَّ أَصَابِعَهُ.
[صحيح] - [رواه مسلم] - [صحيح مسلم: 2631]
المزيــد ...
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“အကြင်သူသည် မိန်းကလေးနှစ်ဦးအား သူတို့အရွယ်ရောက်ကြီးပြင်းလာသည်အထိ တာဝန်ယူထိန်းကျောင်းစောင့်ရှောက်ခဲ့လျှင်၊ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် ငါကိုယ်တော်နှင့် သူသည် ဤကဲ့သို့ ရောက်ရှိလာမည်” ဟု မိန့်တော်မူပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိ၏
လက်ချောင်းများကို စုစည်းပြသတော်မူခဲ့သည်။
[صحيح] - [رواه مسلم] - [صحيح مسلم - 2631]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သူမဆို သမီးမိန်းကလေးနှစ်ဦးဖြစ်စေ၊ အမ ညီမနှစ်ဦးဖြစ်စေ ချီးမြှင့်ခြင်းခံရပြီး၊ ၎င်းတို့နှစ်ဦး အရွယ်ရောက်ကြီးပြင်းလာသည်အထိ ၎င်းတို့၏ စရိတ်စကများကို တာဝန်ယူကာ ကောင်းမွန်စွာပြုစုပျိုးထောင်၊ ကောင်းမြတ်သောအရာများကိုသင်ကြားပေးပြီး မကောင်းမှုများမှ တားမြစ်သွန်သင်ပေးခဲ့လျှင် ကိယာမတ်နေ့တွင် ထိုသူနှင့်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့သောပုံစံဖြင့် (အတူတကွ) ရောက်ရှိလာကြမည် ဖြစ်ကြောင်း မိန့်ကြားရင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏လက်ခလယ်နှင့် လက်ချောင်းကို စုစည်းပြသတော်မူခဲ့သည်။