عَنْ أُسَامَةَ بْنِ زَيْدٍ رضي الله عنه قَالَ: قِيلَ لَهُ: أَلَا تَدْخُلُ عَلَى عُثْمَانَ فَتُكَلِّمَهُ؟ فَقَالَ: أَتَرَوْنَ أَنِّي لَا أُكَلِّمُهُ إِلَّا أُسْمِعُكُمْ؟ وَاللهِ لَقَدْ كَلَّمْتُهُ فِيمَا بَيْنِي وَبَيْنَهُ، مَا دُونَ أَنْ أَفْتَتِحَ أَمْرًا لَا أُحِبُّ أَنْ أَكُونَ أَوَّلَ مَنْ فَتَحَهُ، وَلَا أَقُولُ لِأَحَدٍ يَكُونُ عَلَيَّ أَمِيرًا: إِنَّهُ خَيْرُ النَّاسِ بَعْدَمَا سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«يُؤْتَى بِالرَّجُلِ يَوْمَ الْقِيَامَةِ، فَيُلْقَى فِي النَّارِ، فَتَنْدَلِقُ أَقْتَابُ بَطْنِهِ، فَيَدُورُ بِهَا كَمَا يَدُورُ الْحِمَارُ بِالرَّحَى، فَيَجْتَمِعُ إِلَيْهِ أَهْلُ النَّارِ، فَيَقُولُونَ: يَا فُلَانُ مَا لَكَ؟ أَلَمْ تَكُنْ تَأْمُرُ بِالْمَعْرُوفِ، وَتَنْهَى عَنِ الْمُنْكَرِ؟ فَيَقُولُ: بَلَى، قَدْ كُنْتُ آمُرُ بِالْمَعْرُوفِ وَلَا آتِيهِ، وَأَنْهَى عَنِ الْمُنْكَرِ وَآتِيهِ».
المزيد
အုစာမဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူ့အားတစ်စုံတစ်ဦးက 'အသင့်အနေဖြင့် အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု) ထံ သွားရောက်၍ လူများအကြား ဖြစ်ပွားနေသော ပဋိပက္ခများအား ပြောဆို ဖြေရှင်းခြင်းမှုတို့ကို မပြုလုပ်ပါသလော။ ကျွန်ုပ်သူ့အားပြောခဲ့သမျှကို အသင်တို့အားကြားသိစေမည်ဟု အသင်တို့ သိနားလည်ထားပါသလား။ အလ္လာဟ်အရှင်မြတ်အား ကျိန်တွယ်၍ပြောမည်။ ကျွန်တော်သည် မိမိကစ၍မဖွင့်ချင်သည့်ဖျက်လိုဖျက်ဆီးမှုကို မိမိကစ၍ပထမဦးဆုံးဖွင့်ရန်မနှစ်မျို့သည်ဖြစ်၍ကျွန်တော်သည် သူနှင့် နှစ်ကိုယ်ကြား ပြောခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိပြီးနောက် ကျွန်တော်မျိုးအား အုပ်ချုပ်နေသော အုပ်ချုပ်သူခေါင်းဆောင်တစ်ဦးတစ်ယောက်အား သူသည် လူတို့အနက်အကောင်းဆုံသူဖြစ်သည်ဟုပင် မပြောဆိုတော့ပေ။
ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။“ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ သူ၏အူများထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်းသူ၏အူများနှင့်လှည့်ပတ်နေလိမ့်မယ်။ ထိုအခါ ဂျဟန္နမ်ငရဲသားများသားသည် သူ့အနား၌ စုရုံးရောက်ရှိလာပြီး သူ့ကို မေးကြမည်။ “အို- ဘယ်သူဘယ်ဝါ၊ အသင် မည်သို့ဖြစ်သွားသနည်း။ အသင်သည် ကျွန်တော်တို့အား (လောကတွင်)ကောင်းရာညွန်ကြားပြီး မကောင်းရာမှတားမြစ်ခဲ့သည်
မဟုတ်လော။ သူကဖြေကြားလိမ့်မည်။ ကျွန်တော်သည် အသင်တို့အား ကောင်းမှုများလုပ်ရန်ညွှန်ကြားခဲ့သော်လည်း မိမိကိုယ်တိုင်မပြုလုပ်ခဲ့ပါ။ မကောင်းမှုမှတားမြစ်ခဲ့သော်လည်း မိမိကိုယ်တိုင် ယင်းမကောင်းမှုအား လုပ်ဆောင်နေခဲ့သည်။