عَنْ أَبِي هُرَيْرَةَ رضي الله عنه قال: قال رَسُولُ الله صلى الله عليه وسلم:
«إِنَّ اللهَ يَغَارُ، وَإِنَّ الْمُؤْمِنَ يَغَارُ، وَغَيْرَةُ اللهِ أَنْ يَأْتِيَ الْمُؤْمِنُ مَا حَرَّمَ عَلَيْهِ».
[صحيح] - [متفق عليه] - [صحيح مسلم: 2761]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်) မခံချင်စိတ် ဖြစ်တော်မူသည်။ မုအ်မင်န်သည်လည်း မခံချင်စိတ်ဖြစ်သည်။ အရှင်မြတ်၏ (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2761]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မုအ်မင်န်သည် မခံချင်စိတ်ဖြစ်ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ မနှစ်သက်ခြင်းများဖြစ်သကဲ့သို့ အလ္လာဟ်အရှင်မြတ်သည်လည်းမခံချင် စိတ်၊ အမျက်ဒေါသနှင့် မနှစ်သက်ခြင်းများဖြစ်တော်မူသည်။ အရှင်မြတ်၏ အမျက်ဒေါသဖြင့်မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟအရှင်မြတ် တားမြစ်ထားသည့် မကောင်းမှုများဖြစ်သော ‘ဇိနာ’ပြုခြင်း၊ လိင်တူဆက်ဆံခြင်း၊ ခိုးခြင်း၊ အရက်သေစာ သောက်စားခြင်းစသည်တို့အပြင် အခြားစက်ဆုပ်ရွံရှာဖွယ်ရာများ ကျူးလွန်သည့် အတွက်ကြောင့်ဖြစ်သည်။