عَنْ أَبِي هُرَيْرَةَ رضي الله عنه قال: قال رَسُولُ الله صلى الله عليه وسلم:
«إِنَّ اللهَ يَغَارُ، وَإِنَّ الْمُؤْمِنَ يَغَارُ، وَغَيْرَةُ اللهِ أَنْ يَأْتِيَ الْمُؤْمِنُ مَا حَرَّمَ عَلَيْهِ».

[صحيح] - [متفق عليه] - [صحيح مسلم: 2761]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်) မခံချင်စိတ် ဖြစ်တော်မူသည်။ မုအ်မင်န်သည်လည်း မခံချင်စိတ်ဖြစ်သည်။ အရှင်မြတ်၏ (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။

[صحيح] - [متفق عليه] - [صحيح مسلم - 2761]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မုအ်မင်န်သည် မခံချင်စိတ်ဖြစ်ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ မနှစ်သက်ခြင်းများဖြစ်သကဲ့သို့ အလ္လာဟ်အရှင်မြတ်သည်လည်းမခံချင် စိတ်၊ အမျက်ဒေါသနှင့် မနှစ်သက်ခြင်းများဖြစ်တော်မူသည်။ အရှင်မြတ်၏ အမျက်ဒေါသဖြင့်မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟအရှင်မြတ် တားမြစ်ထားသည့် မကောင်းမှုများဖြစ်သော ‘ဇိနာ’ပြုခြင်း၊ လိင်တူဆက်ဆံခြင်း၊ ခိုးခြင်း၊ အရက်သေစာ သောက်စားခြင်းစသည်တို့အပြင် အခြားစက်ဆုပ်ရွံရှာဖွယ်ရာများ ကျူးလွန်သည့် အတွက်ကြောင့်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်၏ တားမြစ်ချက်များကို ကျူးလွန်သည့်အခါ အရှင်မြတ်၏ အပြစ်ဒဏ်နှင့် အမျက်ဒေါသကို ကြောက်ရွံ့ရန် သတိပေးခြိမ်းခြောက်ထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
ထပ်၍